31ဝိုင်းစက်ခါနီး ရောက်ရှိတော့မည့်လမင်းသည် ညချမ်းချိန်ခါ၏သရုပ်ကို ပီပြင်ရလေအောင် အေးမြမှုတို့ဖြင့်ပြည့်စုံစေသည်။
လေသာဆောင်တွင် မတ်တပ်ရပ်နေသော ယောကျာ်းနှစ်ယောက်သည် တစ်ဦးကိုတစ်ဦး အမှီသဟဲပြုထားရင်းပင် ကြီးမားသောလက်တဖက်က သေးသွယ်သောလက်လေးတဖက်ကို တယုတယဆုပ်ကိုင်ထားသည်။
သို့သော် အသေအချာကြည့်မည်ဆိုပါက သေးနွဲ့ပိန်ပါးသောပခုံးထက်တွင် တစ်လောကလုံး၏အရှင်သခင်သည် စိတ်အေးချမ်းသာစွာ လောကစည်းစိမ်ကိုခံစားနေပါသည်ကို တွေ့မြင်နိုင်ပေမည်။
ပတ်ဝန်းကျင်ကိုကြည့်ရှုနေသော ဧကရီလေးသည် တစ်စုံတစ်ခုကိုအလေးအနက် တွေးတောနေဟန်ရှိနေသည်။
ဝေ့ရင်းသတိမမေ့ခင်က အရှင့်မျက်နှာကို အသေအချာမြင်လိုက်ရတာအမှန်ပေမယ့် ယခုကျတော့ ထိုသို့မဟုတ်ချေ။
သတိပြန်ရလာပြီလို့ထင်ထားပေမယ့် အဲ့ဒီအထင်က အမှန်မဟုတ်ကြောင်း အပယ်ခံနန်းဆောင်မှာတည်းက သက်သေပြလိုက်ပြီဖြစ်သည်။
ဝေ့ရင်းသတိရရခြင်းမှာ ဦးဆုံးသတိရမိသည်က သားငယ်လေးပင်။ သားတော်တို့၏အဆောင်တော်ထဲက တခစ်ခစ်ရယ်သံအရဘေးကင်းကြောင်းသိရသည်။ဒါဆို အရှင်က...။
အပယ်ခံနန်းဆောင်ကို အမြန်ဆုံးနှုန်းနဲ့သွားလိုက်ပေမယ့် နောက်ကျသွားပြီလားဟုထင်နေမိသည်။
အဆောင်ပြင်ကမြင်နေရသောအရိပ်သည် တုန်လှုပ်ခြောက်ခြားဖွယ်။ မိဖုရားငယ်ချင်းချင်း၏ လည်တိုင်ကိုထိုးစိုက်နေသော လက်တစ်စုံ၏အရိပ်ကြောင့် အမောတကောပြေးဝင်သွားမိတော့....!
"အရှင် မလုပ်နဲ့"
ခေါင်းညိတ်ပြလာသောအရှင်က ဘာကိုဆိုလိုချင်တာလဲ။
နာကျင်မှုတစ်စုံတစ်ရာမဖြစ်ပေါ်လာသော မိဖုရားငယ်ချင်းချင်းသည်လည်း ကြောင်အနေဟန်။
ဘုရင်မင်းမြတ်အဆက်ဆက်ကိုင်ဆောင်လေ့ရှိသော ရတနာခုနစ်သွယ်ကျောက်စီခြယ်ထားသော ဓားတိုလေးသည် အရှင့်လက်ထဲကနေ ထောင့်တစ်နေရာသို့ရောက်သွားရသည်။ သွေးစွန်းနေသော ယင်းဓားလေး၌ နီညိုရောင်စေးပျစ်နေသောသွေးစက်တို့က တစ်စက်ပြီးတစ်စက်ကျနေဆဲပင်။

YOU ARE READING
MY LOVE MY LORD (COMPLETED)
FanfictionHISTORICAL FAN.FICTION MY OWN CREATION BOTH UNICODE & ZAWGYI