MLML 39

207 12 0
                                    


39

ဧကရာဇ်အား ယုံကြည်ကိုးစားသောအကြည့်တွေနှင့် ချစ်မြတ်နိုးမဝစွာကြည့်နေပါသော ဧကရီလေးအား နန်းရင်ပြင်တစ်နေရာမှာရှိနေသောလူတစ်ယောက်သည် အလွန်ဆို့နင့်ဖွယ်ကောင်းသောအကြည့်၊ ကြေကွဲဖွယ်ရာကောင်းလှသောအကြည့်တို့ဖြင့် ခဏတာမျှ ငေးစိုက်ကြည့်ပြီးနောက် တစ်ခုသောဆုံးဖြတ်ချက်ကိုချလိုက်သည့်ဟန်ပန်အမူအရာက ယင်းလူ၏မျက်နှာ၌ပေါ်လာလေသည်။

ရုံဟွာအား ထိန်းချုပ်ထားသည်တို့ကို ပြန်လည်ဖြေလျှော့ပေးပြီးနောက် ဝမ်လင်သည် သူမအနားသို့တိုးကပ်သွားတော့သည်။

ဒဏ်ရာတွေကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်ပဲဖြစ်နေရကာ တစ်လှမ်းသွားလိုက် တစ်ခါလဲကျလိုက်ဖြစ်နေတော့သည်။ သို့သော်လည်း အားလျှော့လိုက်မည့် ပုံစံအား ထိုလူ၌မတွေ့ရချေ။

တရွေ့ရွေ့နဲ့သွားပြီး အချိန်အနည်းငယ်ကြာလေတော့ ရောက်ပါပြီ။ ရုံဟွာဆိုသောသူမသည် ဝမ်လင်အားဖေးမကိုင်ပေးသည်။ ထို့နောက် ဝမ်လင်၏နား,နားကပ်ကာ ဘာပြောလိုက်တယ်မသိရပေမယ့် ယင်းလူသားနှစ်ယောက်က ပြိုင်တူပင်ပြုံးလိုက်ကြသည်မို့ အားလုံးက စိတ်ချလိုက်မိကြသည်။

သို့ပေသော်လည်း....!

ဝမ်လင်အားဖက်ထားသည့်လက်တစ်ဖက် ပြီးနောက် လက်ကနဲမြောက်တက်လာသော ဆံထိုးလှလှလေးတစ်ချောင်း။ ဝမ်လင်၏နောက်ကျောဘက်ကို ဖောက်ဝင်သွားပါသော ယင်းဆံထိုး၌သွေးတို့က ကပ်ပါလာသည်။ သို့သော် ဝမ်လင်သည် နောင်တမရှိပဲ ကျေနပ်စွာပြုံးနေခဲ့ပါသည်။

ထို့နောက် ရုံဟွာသည် ဝမ်လင်အား မြေပြင်ပေါ်၌ ညင်သာစွာချပြီး သုံးကြိမ်တိတိ ဂါရဝပြုလေသည်။

ယင်းအပြုအမူကြောင့် အားလုံး၏အတွေးတို့သည် ကမောက်ကမဖြစ်ရပြန်လေသည်။

ယခုအပြုအမူအရ သူမသည် ဝမ်လင်အား အကြင်ခင်ပွန်းအဖြစ်လက်ခံလိုက်ခြင်းပင်ဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် သတ်ပစ်ရပါသနည်း။

တစ်ဆက်တည်းဆိုသလို သူမသည် နိုင်ငံဥသျှောင်နှစ်ဦးရှိရာသို့ မှန်းဆဦးညွတ်လေသည်။ ပြီးသည်နှင့် အစောကသွေးတို့ပေကျံနေသော ဆံထိုးလှလှလေးအား ဝဲဘက်ရင်ညွန့်တည့်တည့်သို့ထိုးစိုက်ချလိုက်သည်။ တဖြည်းဖြည်းချင်းပုံကျသွားသော သူမခန္ဓာကိုယ်သည် ဝမ်လင်အပေါ်သို့ထပ်လျက်ကျသည်။

MY LOVE MY LORD (COMPLETED)Where stories live. Discover now