MLML 10

436 25 0
                                    


10

"ဘာအပြစ်လုပ်ထားလဲ သိလား "

ဟင်.....!တကယ်ကိုအရှင်ပဲ...!

သူထွက်သွားလို့မရခဲ့ဘူးပေါ့!

စဉ်းစားခန်းဝင်နေစဉ်နှုတ်ခမ်းလေးနာသွား၏...။
ငန်ကျိကျိအရသာကြောင့် နှုတ်ခမ်းပေါက်သွားသည်ကိုသိလိုက်ပြီ။

သို့သော် ပေါက်သွားသောနေရာကိုစုပ်ယူကာ လျှာဖြင့်ရစ်ပတ်လာသည်။

ဝေ့ရင်းတွန်းလိုက်ကာ...!

"မနမ်းပါနဲ့ အရှင်"

"ငြင်းခွင့်ရှိမယ်ထင်နေတာလား ကြင်ယာတော်။ ကိုယ်တော့်ဆီကနေ ထွက်သွားဖို့ကြံစည်ရဲတယ်ပေါ့လေ"

"အရှင်လုပ်တာလေ ။ ဟင့်! ကျွန်တော် အရှင့်ကိုမုန်းချင်တယ် အ..!.."

မုန်းတယ်လို့ပြောရုံရှိသေး .... !
ပါးတွေကိုကိုက်ဆွဲလာသောအရှင်...!

"ကြင်ယာတော်မှာကိုယ်တော့်ကိုမုန်းခွင့်မရှိဘူး ချစ်ခွင့်ပဲရှိတယ်"

"အရှင်မတရားဘူး အရှင်ကျတော့မိဖုရားတွေနဲ့"

"ကိုယ်တော့်မှာမိဖုရားတွေရှိပေမယ့် ကိုယ်တော်ချစ်တာဘယ်သူ့ကိုလဲ မသိဘူးလား"

"မသိပါဘူး အရှင်ကအပြောင်းအလဲမြန်တဲ့သူပဲ"

"ကြင်ယာတော်လေ။ ကိုယ်တော်ချစ်တဲ့သူကကြင်ယာတော်။ ဒါ ဘယ်တော့မှပြောင်းလဲမသွားတဲ့အမှန်တရား"

"အဲ့ဒါဆို မိဖုရားမင်ဆီဘာသွားလုပ်တာလဲ ။
ဘယ်လောက်ထိဖြစ်ခဲ့ပြီးပြီလဲ"

လတ်စသတ်တော့ ကြင်ယာတော်လေးက သဝန်တိုနေတာပဲ...။

"တော်တော်လေးပတ်သတ်ခဲ့ကြပြီးပြီ"

"ဖယ် လာမထိနဲ့။ လွှတ် ဖယ်ပေးနော် အင့် အွန်း"

နှုတ်ခမ်းပါးလေးကို အပေါ်တလှည့်အောက်တလှည့်စားသုံးကာ လျှာလေးဖြင့်ရစ်ပတ်လိုက်ပြီးစုပ်ယူလိုက်သည်။

မှဲ့နက်လေးကို ခပ်ဖွဖွနမ်းလိုက်ပြီးအဆုံးသတ်လိုက်၏...။

"မိဖုရားမင်ကခွင့်တောင်းတယ်"

နှုတ်ခမ်းလေးကိုက်ကာ နားတော့စွင့်ထားလေ၏...။

"ကြင်ယာတော်ကိုမောင်အရင်းတယောက်လိုချစ်ပါရ​ေစတဲ့လေ။ ကိုယ်တော်ကကြင်ယာတော်ကိုအမျက်ရှမှာစိုးလို့သွားပြောပေးတာ။ ကိုယ်တော့်ရဲ့အချစ်ကိုပိုင်ဆိုင်ထားတာကြင်ယာတော်လေးပဲ။ ကိုယ်တော်နဲ့ပတ်သတ်သမျှအရာတိုင်းက ကြင်ယာတော်လေးအတွက်ပဲ"

MY LOVE MY LORD (COMPLETED)Where stories live. Discover now