Prologue (UNI + ZG)

2.2K 60 5
                                    

" Bui..... ကျွန်တော်တောင်းပန်ပါတယ် Bui ကိုတမင်ညာခဲ့တာ မဟုတ်ပါဘူး Bui ကိုချစ်လို့ မြင်မြင်ချင်း အရမ်းကို ချစ်မိသွားလို့
ဒါကြောင့် Bui နဲ့ နီးစပ်ခွင့်ရချင်လို့ Bui အနားကိုချဉ်းကပ်ခဲ့တာပါ တခြားရည်ရွယ်ချက်မရှိခဲ့ပါဘူး "

" တော်ပြီ Bible ငါ့ကို ဘာမှလာမရှင်းပြနဲ့ ငါမင်းကို မယုံတော့ဘူး ငါ့ကိုညာတာကို အမုန်းဆုံးပဲ အခုကစပြီး ငါနဲ့ လာမပတ်သတ်ပါနဲ့တော့ "

" ဟင့်အင်း ကျွန်တော်မနေနိုင်ဘူး
Bui နဲ့ တစ်စက္ကန့်လေးတောင် ခွဲပြီးမနေမနိုင်ဘူး ကျွန်တော်တောင်းပန်ပါတယ် ..... နော် "

" ငါကတော့ နေနိုင်တယ် ပြီးတော့ မင်းကိုလည်း ဒီနေ့ပဲ အဖြေပေးခဲ့မယ် ငါမင်းကို ပြန်မချစ်နိုင်ဘူး အဲ့တော့ ရှေ့လျှောက်ငါတို့ မသိသလိုပဲ နေရအောင် "

" မဟုတ်ဘူး Bui ညာတာ Bui လည်း ကျွန်တော့်ကို ချစ်‌‌နေတယ်ဆိုတာ ကျွန်တော်သိတယ် "

" အဟက်... မင်းကိုမင်း အထင်ကြီးလှချေလား ဟမ် မင်းကို စဉ်းစားပေးမယ်လို့ပဲ ပြောထားတာ အခုချိန်ထိ မင်းကို ငါ့ညီလေးတစ်ယောက်လို လုပ်ဖော်ကိုင်ဖက် တစ်ယောက်လိုပဲ သဘောထားတာ "

" တောင်းပန်ပါတယ် "

" တော်ပြီ မင်းနဲ့ ဘာမှဆက်ပြောစရာမရှိတော့ဘူး "

" အင့်..... ပြွတ်စ် မင်း မင်း လွှတ်စမ်း ....
ပြွတ်စ်.... အင့် "

ငါ့ရှေ့က ထွက်‌သွားတော့မယ် Bui ကို လှမ်းဆွဲလိုက်ပြီး စိတ်မထိန်းနိုင်စွာနဲ့ နမ်းလိုက်မိတယ် ခဏကြာတော့မှ ငါလွှတ်ပေးလိုက်တော့ ငါရဲ့ Bui က......

" ငါမင်းကို မုန်းတယ် Bible "

Bui ကျွန်တော်နဲ့ ဘယ်လောက်ထိဝေးဝေးပြေးနိုင်မှာမို့လိုလဲ..... စင်္ကြာ၀ဠာအပြင်ဘက်ထိလား အဲလိုဆိုရင်တောင် ကျွန်တော်လိုက်ရှာမယ်ဆိုတာ Bui သိထားပါ

(ဒါကတော့ ကိုယ့်ရဲ့စိတ်ကူးထဲက Biblebuild ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါ 💙
အဆင်ပြေမယ်ဆိုရင် ဝေဖန်ပေးကြပါဦး‌ဗျ
Love you all 💕)

_____

မရှိခဲ့ပါဘူး "






" တောင်းပန်ပါတယ် "


ပြွတ်စ်.... အင့် "






ѕσυℓмαтєWhere stories live. Discover now