Chapter 18

500 56 4
                                    

Build's pov

" ဟာ Bible မင်းငါ့ကို စ,တယ်ပေါ့ တွေ့မယ် "

" ဟား ဟား "

" မိလို့ကတော့ မင်းမလွယ်ဘူး "

" မိအောင်ပဲ လိုက်ဖမ်းပါဦး Bui ရဲ့ "

" တော်ပြီ မလိုက်တော့ဘူး မောတယ် "

" အိုကေ အိုကေ အရှုံးပေးပြီ ဆက်မပြေးတော့ဘူး "

" ဟူးး မောလိုက်တာ တော်ပြီ မဆော့‌တော့ဘူး "

ငါတို့နှစ်ယောက် ရေထဲဆင်းတာ အချိန်လည်း ကြာနေပြီမို့ ကမ်းပေါ်တတ်လာခဲ့ကြပြီး သောင်ပြင်ပေါ်မှာပဲ ခြေပစ်လက်ပစ်ထိုင်လိုက်ကြတယ်။ မနက်ဖြန်ပြန်ကြတော့မှာဆိုတော့ ဒီနေ့ ပင်လယ်ရဲ့ အလှကို တ၀ကြီးခံစား‌နေတာပဲ။ မကြာခင် နေ၀င်တော့မှာ ဖြစ်တာမို့ တိမ်စိုင်တွေက လိ‌‌မ္မော်ရောင်သန်းနေကြပြီ။

ကမ်းမမြင်လမ်းမြင်ကျယ်လွန်းတဲ့ ပင်လယ်ပြင်ကြောင့် နေ က တဖြည်းဖြည်းနဲ့ ပင်လယ်ထဲ ၀င်သွားသလိုခံစားရတယ် ဆည်းဆာအချိန် ပင်လယ်ထဲသို့ နေ၀င်သွားတာကို ထိုင်ကြည့်ရတာ အရမ်းသဘောကျတယ်။ ဓာတ်ပုံရိုက်တဲ့အခါဆိုလည်း နေ၀င်ရီတရောအချိန်က ပုံထွက် အရမ်းလှတာ

" Bui ဒီပင်လယ်ထဲက ရေတွေရဲ့ ပမာဏဘယ်လောက်ရှိလဲသိလား "

" မရေမတွက်နိုင်အောင်ရှိမှာပေါ့ "

" ကျွန်တော့်အချစ်တွေလောက်တော့ များမယ်ထင်ဘူး "

" ဘာတွေပြောနေတာလဲ "

" Bui ကို ချစ်တဲ့အကြောင်းတွေ ထိုင်ပြောချင်တာ "

" နားမထောင်ချင်ပါဘူး "

" ဟုတ်ပါပြီ ဒါဆိုလည်း အခုမပြော‌သေးဘူး
တခြားအကြောင်းပြောမယ်.. Bui ဒီကို လာရတာပျော်လား "

" ပျော်တယ် ငါက ကမ်းခြေ လာရတာအကြိုက်ဆုံးပဲ "

" မနက်ဖြန် ပြန်ရတော့မယ်နော် အနားယူရတာ မ၀သေးဘူး "

" ဟုတ်ပ "

" ကျွန်တော်တို့ လက်ထပ်ပြီးသွားတဲ့အခါကျရင်လည်း ဒီကိုထပ်လာကြရအောင်နော် Bui "

" မင်းက အဆင့်ကျော်နေတယ်လို့မထင်ဘူးလား Bible "

" ဟဲဟဲ.. တကယ်ပြောတာ ကျွန်တော် Bui ကို တစ်ဘ၀လုံးအတွက်ရည်ရွယ်ထားတာ "

ѕσυℓмαтєWhere stories live. Discover now