Chapter 7

563 62 6
                                    

Bible's pov

" Build.... ဒီနေ့က Happy Friday ဆိုတော့ ကလပ်သွားရအောင် "

" အင်း သွားမယ်လေ "

" P'Mean ရော လိုက်မှာမလား "

" ဒါမျိုး မလိုက်စရာရှိမလား ဟားဟား "

P'Mean က ငါ့လိုက်ခဲ့ဖို့ပြောတယ်၊ အမှန်တော့ ငါမသွားချင်ပါဘူး။ ဒါပေမယ့် ငါ့ရဲ့ Bui က သွားမယ်ဆိုတော့ သူ့ကို စိတ်မချဘူး။ ဒါကြောင့် လိုက်သွားမှာ။

ကလပ်ရောက်‌သော်...

Bui ကို Apo က တစ်ခွက်ပြီး တစ်ခွက်တိုက်နေတော့တယ်။ ငါက တားချင်ပေမယ့် Bui နဲ့ ငါက ဘာမှမဆိုင်သေးတော့...

အဲ့အချိန် P'Mean က မတ်တပ်ရပ်လိုက်ပြီး

" ကဲ ဒီနေ့ကတော့ P' တို့ ဌာနကို ရောက်လာတဲ့ N'Bible ကို ကြိုဆိုတဲ့ပွဲလေးလို့ သတ်မှတ်လို့ရပါတယ်။

P' တို့မှာ ထုံးစံတစ်ခုရှိတယ်ကွ အဲ့ဒါကတော့ အသစ်၀င်လာတဲ့သူတွေကို စီနီယာတွေနဲ့ ဘယ်လောက်ထိ ရင်းနှီးမှုရှိလဲဆိုတာ စမ်းသပ်တာပဲ "

" ဟုတ်တယ် ဟုတ်တယ် "

ဘယ်လိုကြီးလဲ။ ဘာတွေလုပ်ရမှာလဲ ??

P'Mean က ဆက်ပြီး

" အရမ်းအခက်အခဲကြီး မဟုတ်ပါဘူး
မင်းဒီကို ရောက်တာလည်း ၁၀ ရက်ကျော်ပြီဆိုတော့ လုပ်ငန်းသဘောတွေရော ဒီကလူတွေအကြောင်းပါ သိသင့်သလောက် သိမယ်လို့ထင်တယ် ဒါကြောင့်
P'တို့ ဌာနမှာရှိတဲ့ လူတွေနဲ့ ပတ်သတ်ပြီး သတိထားမိတဲ့ အချက်တွေပြောပြရမယ် "

ဟမ်? တော်သေးတာပေါ့
ငါက အရင်လို လူတွေနဲ့ ခပ်တန်းတန်းသာ နေမယ်ဆို ဒီမေးခွန်းက ဖြေနိုင်မှာမဟုတ်ဖူးဆိုတာ သေချာတယ်။ ဒါပေမယ့် အခုကတော့ Bui သတိထားမိအောင်လို့ ငါလူ‌တိုင်းနဲ့ အဆင်ပြေအောင်ပေါင်းတယ်

" ကဲ N'Bible မတ်တပ်ရပ်လိုက်ပါဦး "

ငါ စိတ်ရှုပ်စွာနဲ့ မတ်တပ်ရပ်လိုက်တယ်

" အသက် အကြီးဆုံးက အရင်စမေး‌မယ်နော်
P' နဲ့ ပတ်သတ်ပြီး ဘာကို သတိထားမိလဲ "

" P'Mean ရဲ့ အသံ...
P' အသံက ဩဇာရှိတဲ့အသံမျိုး
နားထောင်လို့ ကောင်းတယ် အသံကြားလိုက်တာနဲ့ အမိန့်နာခံချင်စရာ အသံမျိုး "

ѕσυℓмαтєTahanan ng mga kuwento. Tumuklas ngayon