Bible's pov
အသံကြားလိုက်တာနဲ့ ဘယ်သူလဲဆိုတာ ငါတန်းသိလိုက်ပြီ။ ဒီနေ့တော့ မြွေကိုက်ပြီပဲ။ ငါက နောက်ကျောပေးထားတာမို့ P'Apo က ငါမှန်းမသိသေးဘူး။ မတတ်နိုင်တော့ဘူး မီးစင်ကြည့်ကရမှာပဲ။
" အန်တီ နေမကောင်းဘူးလို့ Mile ပြောလို့ .. အန်တီ သက်သာရဲ့လား "
" အေးကွယ့် ဆေးထိုးထားတဲ့ အရှိန်နဲ့မို့ ခဏ ပြန်အိပ်နေတာ လာထိုင်ဦး သား Mile လဲ ခဏနေ ပြန်ရောက်တော့မယ် "
" ဟမ်...
အန်ကယ် သူက ?? "" အန်ကယ့် သားငယ်လေ Mile က သားကို မပြောပြထားဘူးလား "
" မပြောထားဘူး "
" အော် သူက သားငယ်လေ Bible.. သားတို့ ဌာနမှာ အလုပ်လုပ်နေတာလေ "
" အဲဒါတော့ သိပါတယ် အန်ကယ်။
အန်ကယ်တို့သား ဆိုတာကို မသိတာ "P'Apo က ငါ့ကို နားမလည်နိုင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လာတော့ ငါလဲ မချိတင်ကဲ ပြုံးပြလိုက်ရတယ်။ ခဏနေတော့ P'Mile ရောက်လာပြီး P'Apo ကိုမြင်လိုက်နဲ့ သူလဲ သဘောပေါက်သွားပုံရပြီး သူ့ကို ငါးခူပြုံးပြုံးပြနေတာ မြင်ဖြစ်အောင်မြင်လိုက်သေးတယ်။ P'Apo ကတော့ နောက်မှ စာရင်းရှင်းမယ်ဆိုတဲ့ သဘောမျိုးနဲ့ မျက်ရိပ်ပြလိုက်တာကိုလည်း တွေ့လိုက်တယ်။
ငါတို့ နေ့လည်စာ စားပြီး ခဏကြာတော့ မာမီသတိပြန်ရလာတယ်။ အရမ်းကြီးစိုးရိမ်စရာမလိုတာမို့ ညနေပဲ ဆေးရုံကဆင်းရမယ်ပြောတယ်။
P'Apo နဲ့ မာမီ စကားတွေပြောနေကြတာများ နေမကောင်းတဲ့သူလို့တောင် မထင်ရဘူး။ P'Apo ကိုတော့ မာမီနဲ့ ဒယ်ဒီက သဘောကျပုံရတယ်။
သားရဲ့ Bui လေးကိုရော မာမီတို့ သဘောကျပေးမယ်မလား....
" Bui လေး နဲ့လည်း အိမ်လည်လာခဲ့ပါဦးကွယ် မလာတာ ကြာနေပြီ "
" လာခဲ့ပါမယ် အန်တီ "
" ဒါနဲ့ သား Bui က လူပျိုကြီးပဲ လုပ်တော့မယ်ထင်တယ်နော် "
" ဟုတ်တယ် အန်တီသူက လူလိမ်လူညာတွေနဲ့ တွေ့မှာစိုးလို့တဲ့လေ "
ထိုစကားကို P'Apo က ငါ့ဘက်ကို မသိမသာ ကြည့်ပြီး ပြောလာတယ်။
" အော် လောကကြီးမှာ လူကောင်းတွေလည်း အများကြီးရှိပါတယ် "

YOU ARE READING
ѕσυℓмαтє
Fanfictionအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...