Chapter 29

692 48 11
                                    

Build's pov

တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုချစ်နေတယ်ဆိုတဲ့ အသိလေးနဲ့ နိုးထလာရတဲ့ မနက်ခင်းတိုင်းဟာ သိပ်ကိုနွေးထွေးတယ်။
အချစ်က အနုပညာဆန်တဲ့ အမြဲစိမ်းသစ်တောလေးပဲ..... နားထောင်‌နေကျသီချင်းတွေဟာ ဒီလူသားလေးကြောင့်ပိုပြီးအသက်ဝင်လာရသလို.... စိတ်ပင်ပန်းရတဲ့နေ့ရက်တွေမှာတောင် ဒီအမြဲစိမ်းသစ်တောလေးအကြောင်းတွေးရင်းပြုံးမိသွားတယ်.... အရောင်တွေစုံတဲ့လောကကြီးထဲမှာ ငါကတော့ဒီအမြဲစိမ်းသစ်‌‌တောလေးကိုပဲ
တစ်သက်တာလုံး ငေးသွားမိမယ်ထင်တယ်

ချစ်ခြင်းမေတ္တာတွေအကြောင်း တွေးမိတဲ့အခါ " မောင် " ဆိုတဲ့ နာမ်စားလေးကိုပဲ သတိရမိတယ်။ မောင့် လက်ကလေးတွေနဲ့ ထိတွေ့လိုက်တိုင်း ဖြစ်ပေါ်လာရတဲ့ နွေးထွေးတဲ့ ခံစားချက်လေးကို သဘောကျမိတယ်။ ဒီကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ ရှိနေပေမယ့်လည်း " မောင် " ဆိုတဲ့ သက်ရှိလေးကိုပဲ ထပ်ခါထပ်ခါရွေးချယ်နေမိတယ်။
တွယ်တာမိသမျှတွေထဲမှာ မလွှတ်ချချင်တဲ့
သက်ရှိလေးဟာ မောင်ပဲ ဖြစ်လိမ့်မယ်.....

" မောင် မျက်လုံးဖွင့်ကြည့်လို့ရပြီလား "

" မောင်‌.. မကောင်းဘူး.... နိုးနေရဲ့သားနဲ့ အိပ်ချင်ယောင်ဆောင်နေတယ် "

ခေါင်းမြီးခြုံလိုက်ကာ စောင်အောက်ကနေ မောင့်ကို ရန်‌တွေမိတော့ ခြုံထားတဲ့ စောင်ကိုအတင်းဖယ်ရှားပစ်ကာ.....

" မျက်နှာလေး ပြပါဦး ကိုကိုရဲ့ ... "

" မပြဘူး... ရှက်တယ် "

" မနက်ခင်းလေးမှာ မောင့်မိန်းမလေးရဲ့ မျက်နှာကို အရင်ဆုံးမြင်ချင်လို့ပါ "

" မမြင်ချင်နဲ့... "

" မောင်တို့က လင်မယားအရာတောင်မြောက်သွားပြီလေ ကိုကိုက ခုထိရှက်နေသေးတာလား "

" ဟာ မောင်နော်.... စောစောစီးစီး "

" မောင်ပြောတာ မှားနေလို့လား ပြောပါဦး ....
ညက မောင်တို့- "

" တော်ပြီ... မောင် ဆက်မပြောနဲ့တော့နော်....
မောင့်ကိုမခေါ်ဘဲ နေလိုက်မှာ "

" အဲလိုတော့မလုပ်ပါနဲ့ မောင့်ကလေးလေးရဲ့
စောင်လေးဖယ်‌ပါဦး ‌Morning Kiss လေးပေးချင်လို့ "

ѕσυℓмαтєWhere stories live. Discover now