Chapter 3

619 66 4
                                    

Bible's pov

ဘာလိုလိုနဲ့ ဒီကို ပြန်ရောက်တာ 2 လပြည့်တော့မယ်။ အဖွားကလည်း ဖုန်းတဂွမ်ဂွမ်ဆက်ပြီး မေးနေပြီ။ မာမီ နဲ့ ဒယ်ဒီကတော့ မပြန်စေချင်ဘူး။ ဒီမှာပဲနေပြီး P'Mile အတူ ကုမ္ပဏီကို ဦးစီးစေချင်တာ။

ဒါပေမယ့် ငါကလည်း ကုမ္ပဏီအလုပ်ကို စိတ်မ၀င်စားဘူး။ ငါက ကိုယ်ဝါသနာပါတာကိုပဲ လုပ်ချင်တာ....
တနေ့ တနေ့ ရုံးခန်းထဲမှာပဲ ထိုင်နေရပြီး ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေမယ့် အလုပ်မျိုးမလုပ်ချင်ဘူး။ ပြီးတော့ ငါက ပေါင်းသင်းဆက်ဆံရေး ညံ့တဲ့သူထဲမှာပါတယ်။ လူတွေအများကြီးနဲ့ ရှိမနေချင်ဘူး။ လူတွေနဲ့ စကားတွေအများကြီး ပြောရတာ မကြိုက်ဘူး။

အဲဒါ‌ထက်ဆိုးတဲ့ ကိစ္စကတော့ ဒီ 2 လ အတွင်းမှာ ငါဘာလုပ်နေခဲ့လဲသိလား။ ငါ့ရဲ့ ပိုးဟပ်ဖြူလေးကို လိုက်ရှာနေခဲ့တာ။ သေချာတာကတော့ သူဘန်ကောက်မှာပဲ ရှိနေမှာ။ ဒါပေမယ့် ဘယ်လိုရှာရှာ ရှာလို့မတွေ့ခဲ့ဘူး။

နေရာအနှံ့လိုက်ရှာခဲ့တာ... ‌ဈေး.. Shopping Center.... ရုပ်ရှင်ရုံ.... ဟိုတခါတွေတဲ့ စားသောက်ဆိုင်မှာလဲ ရှာကြည့်သေးတယ်... ကစားကွင်းတွေအထိပါရောက်တယ်။ နောက်ဆုံး ဘုန်းကြီးကျောင်းကိုတောင် သွားခဲ့သေးတာ။

ခက်တာက နာမည်လေးတောင် မသိလိုက်ရတာပဲ။ နာမည်သိတယ်ဆိုရင်တောင် P'Mile ကို စုံစမ်းခိုင်းလို့ ရသေးတယ်။ ခုတော့ ဘယ်မှာမှ အစရှာ မရဘူး။ ငါ့အဖြစ်က ကောက်ရိုးပုံထဲမှာ အပ်‌ပျောက် ရှာနေရသလိုပဲ..... မျှော်လင့်ချက်တွေ မဲ့လာတယ်
၁ လလောက်ထပ်နေပြီးရင်တော့ US ကို ပြန်တာပဲ ကောင်းမယ်နဲ့တူတယ်။

" သား..... "

Dinner စားနေရင်း အတွေးနယ်ချဲ့‌နေတာ။ ဒယ်ဒီက ငါ့ကိုခေါ်လိုက်တော့မှ အတွေးတွေက ထမင်းဝိုင်းဆီ ပြန်ရောက်လာတယ်။

" ဒယ်ဒီ ကျွန်တော် US ပြန်တော့မလို့ "

" ဟေ.. သားကလည်း ကောက်ခါ ငင်ခါကြီးပါလား "

" အင်းလေ ... သားကလည်း ပြောတော့ အေးဆေးမှပြန်မယ်ဆို "

" ကျွန်တော် မနေချင်တော့လို့ ဒီမှာ..... "

ѕσυℓмαтєWhere stories live. Discover now