Bible's pov
ကုမ္ပဏီမှာ အလုပ်လုပ်နေတာ 1 ပတ်ပြည့်ခဲ့ပြီ။ တခြားသူတွေနဲ့ အနည်းငယ်ရင်းနှီးမှုရှိလာပေမယ့် Build ကတော့ ငါ့ကို လိုတာထက်ပိုပြီး စကားမပြောဘူး။ Build နဲ့ နီးစပ်အောင် ဒီကိုရောက်လာတာပါဆို Build နဲ့ ပိုဝေးနေသလို ခံစားနေရတယ်။
Build ရဲ့ ဒီလိုအပြုအမူက ငါ့အတွက် ၀မ်းနည်းစေတယ်။ ကျွန်တော် Build အနားကို ရောက်လာဖို့ အရင်းအနှီးကြီးတယ်ဗျ.....
(Flashback)
ကုမ္ပဏီ နှစ်ပတ်လည်နေ့အပြီး နောက်တနေ့ ......
" P'Mile ကျွန်တော်ပြောစရာရှိလို့ "
" ဆိုစမ်းပါဦး "
" ကျွန်တော် US ကို မပြန်တော့ဘူး "
" ဘာဖြစ်ရပြန်ပြီလဲ မင်းပဲ ဟိုတလောက ပြန်မယ်ဆိုပြီး သွားဖို့ကို အားလုံးစီစဉ်ပြီးသားမလား "
" စိတ်ပြောင်းသွားလို့ "
" အဖွားဆီလည်း ဖုန်းဆက်ပြီး ပြန်လာမယ့်အကြောင်းပြောထားတယ်မလား အဖွားက မင်းကိုဆို သည်းသည်းလှုပ်နော် "
" ဖုန်းပြန်ဆက်လိုက်မယ် "
" ထားပါ မသွားချင်ရတော့တဲ့ အကြောင်းပြချက်လေး ပြောပါဦး "
" ကျွန်တော် ရှာနေတဲ့ သူကို တွေ့သွားလို့ "
" ဟုတ်လား ဘယ်လိုတွေ့တာလဲ "
" ကုမ္ပဏီမှာ "
" ဘယ်ကုမ္ပဏီလဲ "
" P' ကုမ္ပဏီက .... မနေ့ညကမှ သိလိုက်တာ "
" ဟမ်??? ဘယ်သူလဲ "
" ပါးချိုင့်လေး နှစ်ဖက်ပါတဲ့ တစ်ယောက်
မနေ့ညက စင်ပေါ်မှာ သီချင်းတတ်ဆိုသွားတယ် "" အော်.... Build ကို ပြောတာလား "
" Build??? "
" ဟုတ်တယ် ဒါနဲ့ မင်းရှာနေတဲ့လူက မိန်းကလေးမဟုတ်ဘူးလား "
" ပြောမိလို့လား "
" မင်းလို တစ်မိုးအောက် Bible က ယောကျာ်းလေးတစ်ယောက်ကို သဘောကျမယ် မထင်မိလို့ "
" အဲဒါ အချစ်ကြောင့်လေ "
" အေးကွာ ဂုဏ်ယူပါတယ် ရှာတွေ့သွားလို့ "
أنت تقرأ
ѕσυℓмαтє
أدب الهواةအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...