Bible's pov
[ 2.6.2022 ]
9:00 pm
" တီးတောင်.... တီးတောင်.... "
ဒီအချိန်ကြီး ဘယ်သူလဲ။ တံခါးဖွင့်လိုက်တော့ ငါ့အခန်းရှေ့မှာ မတ်တပ်ကလေးရပ်နေတဲ့ Bui ကို တွေ့လိုက်ရတယ်
" Build "
" Bible .... ဟို..... "
" ပြောလေ Build ကိစ္စတခုခုရှိလို့လား "
Build ငါ့ကို တခုခုပြောချင်နေတာထင်တယ်။ ဘာပြောချင်လဲမသိပေမယ့် သူကို့ကြည့်ရတာ ငါ့ကို အားနာနေတဲ့ပုံပဲ.... ငါသိတာပေါ့ Bui လေးက အားနာတတ်တယ်ဆိုတာ
" ဟို... ငါ့ကို မင်း Laptop ခဏငှားလို့ရလား "
" အော် ဒါလေးများ ရပါတယ် "
" ဟမ် ဘာလို့ငှားမှာလဲ မမေးတော့ဘူးလား "
" မမေးပါဘူး Bui ကိုယုံတယ် "
" မင်းမမေးပေမယ့်လည်း ငါကတော့ ပြောရမှာပဲ။ လချုပ် စာရင်းတွေ မနက်ဖြန် Report တင်ရမှာ အဲဒါ ဒီနေ့ရုံးမှာလဲ တခြားကိစ္စတွေလုပ်နေရတာနဲ့ ဒါကမပြီးသေးလို့ အိမ်မှာ လုပ်နေတာ။ အဲဒါ.... လုပ်နေရင်းနဲ့ Window ကျသွားလို့ "
Build က ငါ့ကို အရေးတယူနဲ့ ရှင်းပြနေတာ သိရတော့ ၀မ်းသာလိုက်တာ၊ Bui က လူတွေ သူ့ကို မယုံမကြည်ဖြစ်မှာကို သိပ်ကြောက်တတ်တယ်၊ တော်ရုံတန်ရုံ သူများအကူအညီ မယူတတ်ဖူးဆိုတာလဲ ငါသိထားတယ်၊ သူကပဲ အကူအညီပေးချင်တဲ့ လူမျိုး။ တခါတလေ Bui က ပြုံးနေတယ်လို့ ထင်ရပေမယ့် သူ့မျက်၀န်းတွေမှာ အားငယ်နေတဲ့ ပုံရိပ်တွေကို ခပ်ရေးရေး မြင်နေရတယ်။
" Bui က ဒီအချိန်ထိ အလုပ်လုပ်နေတာလား "
" အမြဲတော့ မဟုတ်ပါဘူး "
" အင်း ခဏလေးနော် "
Laptop ယူဖို့ အခန်းထဲပြန်၀င်လာခဲ့တယ်။
ခဏလေး ....
Bui ကို ဒီအတိုင်းပေးလိုက်လို့မရသေးဘူး။ ငါက Bui ပုံကို Desktop မှာ Wallpaper တင်ထားတာမို့ ပုံပြောင်းရဦးမယ်။ Bui ပုံကို ဘယ်ကရလဲ မမေးနဲ့ သူ့ IG Acc က ရတာ။သူ့ IG Acc ရှာရတာလည်းမခက်ပါဘူး P'Mile ရဲ့ Following တွေထဲမှာ ရှာလိုက် ရုံပဲ။
CZYTASZ
ѕσυℓмαтє
Fanfictionအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...