Build 's povတီ.....တီ.... တီ....
ဒီနေ့ ရုံးပိတ်ရက်ဖြစ်တာမို့ အေးဆေးလေးအိပ်ရမလားမှတ်တယ် ဘယ်သူ့ဆီက ဖုန်းလာနေတာလဲ ငါ့ရဲ့ မနက်ခင်းတွေကို
ဘယ်သူ နှောက်ယှက်ပြန်တာလဲ" ပြော ဘာကိစ္စ "
" ဟီး.... P'Build ခင်ဗျ "
ဟင်း....... ဒီလေသံနဲ့ ပြောပုံထောက်ရင်
ဒီကောင် ငါ့ကို တခုခု လုပ်ခိုင်းစရာရှိတယ်ထင်တယ်" လိုရင်းကို ပြော "
" ဟီး...... မင်းဒီနေ့ အားတယ်မလား အဲဒါလေ ငါ့ညီဝမ်းကွဲ Ta ကို လေဆိပ်မှာ သွားကြိုပေးပါလားကွာ ငါဒီနေ့ အရေးကြီး Customer တစ်ယောက်နဲ့ Appointment ယူထားပြီးသားဖြစ်နေလို့ "
" Ta ဆိုတာ US မှာ ကျောင်းသွားတတ်နေတဲ့ တစ်ယောက်မလား "
" အင်း ဟုတ်တယ် အဲဒါ ဒီနေ့ သူ့ကိုကြိုပေးရမှာ ပြီးရင် သူ့အိမ်ကို ပို့ပေးရမှာ "
" အေး အချိန် နဲ့ ဘယ် Flight နဲ့ လာမယ်ဆိုတာ စာပို့ထားလိုက် "
" OK ကျေးဇူးပဲ "
" မလိုပါဘူးကွာ "
Apo တို့ကတော့ ငါ့ကို အလုပ်ပေးပြန်ပြီ။ ဒါပေမယ့် သူငယ်ချင်းကိစ္စဆိုတော့လည်း ကူညီပေးရမှာပေါ့လေ။ လူတွေကို ကူညီပေးတာကောင်းတဲ့အလုပ်ပဲလေ ဟုတ်တယ်မလား
ဒီနေ့ ပိတ်ရက်ဆိုတော့ သန့်ရှင်းရေးလုပ်ရမယ်။ ရေခဲသေတ္တာထဲမှာလဲ ဘာမှမရှိတော့ဘူးဆိုတော့ ၀ယ်ဖို့ သွားရဦးမယ်။ ပြီးရင် ကြည့်စရာ ဇာတ်ကားတွေလည်း ရှိသေးတယ်။ အခုက ၇ နာရီဆိုတော့ မနက်စာ စားဖို့အရင် လုပ်ရဦးမယ်။
ငါက မနက်စာကိုတော့ ဂရုတစိုက်နဲ့ ပြင်ဆင်ပြီး စားလေ့ရှိတယ် တနေ့တာမှာ မနက်စာကအရေးကြီးဆုံးပဲမို့ မနက်စာကိုတော့ စားဖြစ်အောင်စားလေ့ရှိတယ်
ဒီမနက်တော့ ငါရဲ့မနက်စာက ထမင်းကြော်နဲ့ ကော်ဖီတစ်ခွက်။
ငါက ကွန်ဒိုမှာ တစ်ယောက်တည်းနေတာ။ ငါ့ဇာတိက ချင်းမိုင်ကလေ၊ ငါ့မှာ အစ်ကိုတစ်ယောက်ရှိသေးတယ် သူ့အကြောင်းကို နောက်မှ ပြောပြမယ်

BINABASA MO ANG
ѕσυℓмαтє
Fanfictionအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...