Chapter 16

544 63 6
                                    

Build's pov

မနက်က Bible ငါ့ကို တိုက်ခဲ့တဲ့ဆေးက အိပ်ဆေးပါလို့လားမသိဘူး TV ကြည့်နေရင်းနဲ့ အရမ်းအိပ်ချင်လာတာမို့ ဆိုဖာပေါ်မှာပဲ အိပ်ပျော်သွားခဲ့တယ်။ အခုငါနိုးလာတော့ ငါ့အခန်းထဲမှာရောက်နေတာမို့ သူငါ့ကို ပွေ့ချီပြီး အခန်းထဲပို့ပေးခဲ့တာနေမယ် ပြီးတော့ သူက ငါ့ကို စောင်ပါခြုံထားသေးတယ်။ သူစိမ်းတစ်ယောက်ဆီက အခုလိုမျိုး ဂရုစိုက်မှုတွေမရခဲ့တာ တော်တော်ကို ကြာရောပေါ့....

ရာသီဥတုကလည်း နည်းနည်းပူနေတာမို့လားတော့မသိဘူး အဲကွန်းဖွင့်ထားပေမယ့်လည်း ‌ပူအိုက်နေသလိုခံစားရတယ်။ ငါ၀တ်ထားတဲ့ အင်္ကျီကလည်း ချွေးတွေနဲ့ စိုနေပြီမို့လို့ နောက်တစ်စုံထပ်လဲရသေးတယ်။

Bible ရော? သူပြန်သွားပြီလားမသိဘူး

ခဏနေရင် Apo ဆီ ဖုန်းဆက်ရမယ်။ ဒီနေ့ ငါအလုပ်မလာနိုင်တော့ သူတစ်ယောက်တည်း အလုပ်မှာပျာယာခတ်နေတော့မှာ။ ငါတို့ဌာနက အလုပ်အရမ်းများတာမို့  တစ်ရက်လောက်ခွင့်ယူလိုက်ရင် အလုပ်တွေက တောင်ပုံယာပုံပဲ။

တနေ့တနေ့ ရှင်းလိုက်ရတဲ့ ပြဿနာဆိုတာကလည်း တနေ့တမျိုး မရိုးရဘူး။ Supplier တွေနဲ့ ရန်ဖြစ်ရလိုက် Customer နဲ့ စကားများရလိုက်နဲ့ တနေ့တနေ့ မအားရဘူး။ အလုပ်မှာ စိတ်ပင်ပန်းမှုတွေရှိပေမယ့်လည်း ပင်ပန်းရကျိုးနပ်အောင် ကုမ္ပဏီက ၀န်ထမ်းတွေအတွက် အကျိုးခံစားခွင့် အပြည့်ပေးထားတာမို့ အဆင်ပြေတယ်ပြောရမယ်။

[ ဟယ်လို Apo... ]

[ အေး မင်းသက်သာရဲ့လား ဘယ်လိုနေသေးလဲ ငါလည်းဖုန်းဆက်မလို့ပဲ မအားသေးတာနဲ့ ]

[ အင်း ‌ကောင်းသွားပါပြီ
ဒီနေ့ အလုပ်တွေများနေလား ‌ဆောရီးပါ
ငါခွင့်ယူလိုက်ရလို့ ]

[ မများပါဘူးကွာ မင်းနဲ့ငါကြားမှာ ဒါတွေပြောဖို့လိုလို့လား မင်းက ကြံဖန်ပြီးအားနေပြန်ပြီ ပြီးတော့ P'Mai က မင်းအလုပ်တွေလုပ်ပေးထားတာမို့ စိတ်မပူနဲ့ အိုကေ? ]

[ အင်း မနက်ဖြန်တော့ ငါလာခဲ့မှာပါ ]

[ အေးပေါ့ ပြုစုမယ့်သူက အနားမှာရှိနေတော့လည်း မြန်မြန်‌နေကောင်းသွားတာပေါ့ ]

ѕσυℓмαтєWhere stories live. Discover now