Build's pov
၃ လ ခန့်ကြာသော်.....
" ဟေး Build ဒီနေ့ အစည်းအဝေးက ထူးခြားတယ်လို့ ပြောတယ် "
" ဟုတ်လား "
" အေး Mile ပြောတာတော့ တစ်ခုခုကြော်ငြာစရာရှိလို့တဲ့ "
" ဘာများလဲမသိဘူးနော် "
" ခဏနေရင် သိရမှာပေါ့ "
" အွန်း "
အစည်းအဝေးခန်းထဲမှာ ၀န်ထမ်းတွေအားလုံးစုံနေကြပြီဖြစ်သည်။ ခဏကြာတော့ အခန်းတံခါး ပွင့်လာကာ အန်ကယ်လ် Sumettikul နဲ့ P'Mile တို့ ၀င်လာခဲ့ကြတယ်။ ထိုင်ခုံက ၃ လုံးစီစဥ်ပေးထားတာမို့ နောက်တစ်ယောက် ကျန်နေသေးသည်။ နောက်ဆုံးမှ ၀င်လာတဲ့သူကိုမြင်တော့ အားလုံးက တအံတဩဖြစ်သွားကြတာ တစ်ယောက် တစ်ပေါက် ပြောဆိုနေကြသည်။
သူကဒီအစည်းအဝေးကို ဘာလို့လာတာလဲ?
" မင်္ဂလာပါ ဒီနေ့ အားလုံးကိုခေါ်ပြီး အစည်းအဝေးလုပ်ရတဲ့ အကြောင်းအရင်းက ကြေငြာစရာလေး တစ်ခုရှိလို့ပါ
အန်ကယ်လ် ဒီကုမ္ပဏီကို ဦးစီးခဲ့တာ ၁၀ စုနှစ်တစ်ခုကျော်လာခဲ့ပြီ။ ဒီနေ့မှာတော့ အန်ကယ် အနားယူတော့မယ်ဆိုတယ့်အကြောင်း အားလုံးကို အသိပေးချင်လို့ပါ။အန်ကယ််လ်မှာ သားနှစ်ယောက်ရှိတယ်ဆိုတာ အားလုံးလည်းသိကြမှာပါ။ Mile ကို တော့ အထူးတလည်မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်။ Mile ရဲ့ ဘေးမှာရှိနေတဲ့ သူကတော့ အန်ကယ်လ့် သားအငယ် Bible ပါ အခုချိန်ကစပြီး အန်ကယ်လ့် သား နှစ်ယောက်စလုံးက ဒီကုမ္ပဏီကို ဆက်လက်ဦးစီးသွားမှာဖြစ်ပါတယ်။
မင်းတို့အားလုံးကို အန်ကယ်လ် စေတနာထားသလို အန်ကယ်လ့် သားတွေ လက်ထက်မှာလည်း ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အားလုံးကအရင်အတိုင်းပဲ ကြိုးစားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ အခက်အခဲတွေရှိကြရင်လည်း ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ် "
အန်ကယ်လ် စကားပြောပြီးတာနဲ့ Bible က မတ်တပ်ထရပ်လိုက်သည်။
" အားလုံးနဲ့ အခုလိုပြန်တွေရတာ ၀မ်းသာပါတယ်။ နောက်တစ်ခုကကျွန်တော် အားလုံးကိုတောင်းပန်ချင်ပါတယ်။ ကျွန်တော် တမင်ဖုံးကွယ်ထားခဲ့တာ မဟုတ်ပါဘူး။ အရိုးသားဆုံး၀န်ခံရရင် ဒီမှာရှိနေတဲ့ တစ်စုံတစ်ယောက်နဲ့ နီးစပ်ခွင့်ရချင်လို့ အခုလိုဟန်ဆောင်ပြီး အလုပ်၀င်ခဲ့တာပါ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် အလုပ်ကနေ ထွက်ခဲ့ပါတယ်။

YOU ARE READING
ѕσυℓмαтє
Fanfictionအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...