Chapter 20 (ZG)

216 14 2
                                    

Build's pov

" ဒေါက် ဒေါက် "

" Build "

" ဟုတ် P'Tong "

" Apo ရောက်နေတယ် Build
ခြံထဲမှာစောင့်နေတယ် "

" ဟုတ်လား ဆင်းလာခဲ့မယ် P' "

ပိတ်ရက်ဘယ်မှာမသွားချင်တာနဲ့ပဲ အခန်းပဲအောင်းနေတာ.. ဒီမှာနေတာလည်း ၁ ပတ်လောက်ကြာသွားပြီဆိုတော့ နည်းနည်းအဆင်ပြေလာတယ်ဆိုပါတော့ Apo ဒီကိုလာရတဲ့ အကြောင်းရင်းကို ငါသိတယ် သူငါ့ကိုမေးခွန်းတွေမေးတော့မယ်ဆိုတာလည်းသိနေတယ်...

" Bible ငါ့ကိုပြောပြလို့ အားလုံးသိပြီးသွားပြီ "

" အင်း "

" မင်းတကယ်ပဲ သူ့ကိုခွင့်မလွှတ်တော့ဘူးလား "

" ခွင့်မလွှတ်ဘူး သူငါ့ကိုလိမ်ညာခဲ့တာလေ "

" လိမ်ခဲ့တယ်ဆိုပေမယ့် မင်းကိုထိခိုက်နစ်နာစေချင်တာမျိုးမရှိခဲ့ဘူးလေ "

" လောလောဆယ်တော့ ငါသူနဲ့မျက်နှာချင်းမဆိုင်ချင်သေးဘူး "

" အေးပါ ငါလည်းမင်းကိုတောင်းပန်ပါတယ် "

" မင်းကဘာကိုတောင်းပန်တာလဲ "

" တကယ်ဝောာ့ ဒီကိစၥကို ငါသိထားတာနည်းနည်းကြာပြီ "

" ဘာ "

" ဟုတ်တယ် မင်းစိတ်ဆိုးမယ်ဆို
ငါ့ကိုလည်းဆိုးပါ "

" မင်း..... "

" Bible က Mile ရဲ့ ညီ ဖြစ်တဲ့အပြင် မင်းနဲ့သင့်တော်မယ်ထင်လို့ ငါဘာမှမပြောခဲ့တာ... ပြီးတော့ သူက မင်းနဲ့နီးရဖို့အများကြီးကြိုးစားခဲ့တယ်ဆိုတာ Mile ပြောပြလို့ ငါသိခဲ့ရတယ်.. ငါတို့ ကုမ္ပဏီနှစ်ပတ်လည်မိတ်ဆုံစားပွဲနေ့လေမှတ်မိလား အဲ့နေ့ကမင်းသီချင်းဆိုနေတာကို သူတွေ့သွားတာ အဲဒီမတိုင်ခင်ထဲက သူမင်းကိုလိုက်ရှာနေခဲ့တာ ဘယ်လိုမှရှာမရခဲ့ဘူးတဲ့.. နောက်မင်းနဲ့ပြန်တွေ့ရတော့ သူဒီလိုမျိုးတွေလုပ်ခဲ့တာပဲ.... နောက်ပြီး သူမင်းကိုအရမ်းချစ်တယ် သူကမင်းရဲ့ဒဏ်ရာတွေကိုကုစားပေးနိုင်ပြီး မင်းကိုပျော်ရွှင်အောင်အမြဲထားနိုင်မယ့်သူဆိုတာ ငါယုံကြည်လို့ဘာမှမပြောခဲ့တာ "

ѕσυℓмαтєDonde viven las historias. Descúbrelo ahora