Chapter 14

536 61 4
                                    

Build's pov

" Apo Nattawin "

" ပြောကြည့်ကြည့် "

" မနေ့က ကိစ္စမှာ မင်းလည်းပါတယ်မလား "

" ဘယ်ကိစ္စလဲ "

" အရူးကွက် မနင်းနဲ့ Bible နဲ့ ငါ့ကို နှစ်ယောက်တည်းထားခဲ့တဲ့ကိစ္စ "

" အဲဒါက... သူက အတင်းအကူအညီတောင်းလို့ပါ စိတ်မဆိုးပါနဲ့ ဟဲဟဲ "

" ထားတော့ မင်းကို မေးပါဦးမယ် အရင်တုန်းကတော့ မင်းသူ့ကို ကြည့်မရဖြစ်နေတာ မဟုတ်ဘူးလား "

" အဲဒါက အရင်ကလေ အဲ့ကောင်လေးက ပေါင်းကြည့်တော့လဲ မဆိုးပါဘူး "

" မဆိုးဘူး လုပ်မနေနဲ့ သူမနေ့က ငါ့ကို ဘာပြောလဲသိလား "

" ဘာပြောလို့လဲ "

" ငါ့ကို ချစ်တယ်တဲ့ "

" ငါပြောပါတယ် သူ မင်းအပေါ် စိတ်၀င်စားနေပါတယ်လို့ မင်းကသာ ဇွတ်မဟုတ်ဘူးပြောနေ "

" အဲဒါကတော့ .... "

" မင်း သူ့ကို ဘာပြန်ပြောလိုက်လဲ "

" ငါ ငြင်းလိုက်တယ် ဒါပေမယ့် ... "

" ဘာဖြစ်လဲ "

" ငါပြန်ချစ်လာအောင် သူကြိုးစားမယ်တဲ့
အချိန်ဘယ်လောက်ကြာကြာ စောင့်နိုင်တယ်ဆိုပဲ "

" အဲ့တော့ မင်းသဘောက ?? "

" ငါကြောက်တယ် "

" ဘာကို ကြောက်တာလဲ "

" သူ့ကို ချစ်မိသွားမှာကို "

" မင်းမှာ ချစ်ခွင့်ရှိတယ်လေ "

" ဒါပေမယ့် သူ့ရဲ့စကားတွေကို ငါမယုံကြည်သေးဘူး သူကရော အချိန်ဘယ်လောက်ကြာကြာ ငါ့ကို ချစ်နိုင်မှာတဲ့လဲ "

" ဒါကတော့ မင်းဘက်က စောင့်ကြည့်ပေါ့ "

" အဲလိုမျိုးတွေ ထပ်မလုပ်ချင်တော့ဘူး ဘယ်သူနဲ့မှလည်း မပတ်သတ်ချင်သလို ငါ့အကြောင်းတွေကို ဘယ်သူ့ကိုမှ အစကနေပြန်မပြောပြချင်တော့ဘူး "

" Build မင်းလည်း အချစ်ခံရဖို့ ထိုက်တန်ပါတယ် သိပ်အများကြီး မတွေးပါနဲ့ "

" ငါကတော့ အချစ်ကို ရှောင်လို့ရသရွေ့တော့
ငါရှောင်နေမိဦးမှာ "

ѕσυℓмαтєWhere stories live. Discover now