Bible's pov
" ဝိုး ....ဟင်းအနံ့လေးက မွှေးနေတာပဲ စားချင်စရာလေး "
" မြှောက်ပြောမနေနဲ့ မင်းကိုပဲ ကျွေးမှာ "
" မြှောက်မပြောပါဘူး Bui ရဲ့ တကယ်ပြောတာ "
" ဟုတ်ပါပြီ လာထိုင် "
" ဒါတွေ အကုန်လုံးက Bui တစ်ယောက်တည်းချက်ထားတာပေါ့ "
" အင်းလေ "
ငါက တစ်ယောက်တည်းနေတာဆိုတော့ ငါ့ဘာသာငါပဲ ချက်မှဖြစ်မှာလေ "" ကျွန်တော်က ဘာမှမချက်တတ်ဘူး "
" အင်း ဖြစ်လောက်ပါတယ်။ မင်းပုံစံက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေခဲ့ရတဲ့ပုံပါပဲ "
" အဲသလိုတော့ မဟုတ်ပါဘူး ကျွန်တော် ဟင်းချက်သင်တော့မှာပါ Bui ရဲ့..ပြီးတော့
ကျွန်တော်ချက်တတ်တာ တခုရှိပါတယ် "" ပြောပါဦး "
" ခေါက်ဆွဲပြုတ်တာလေ ဟဲဟဲ "
" ခေါက်ဆွဲပြုတ်တွေ ခဏခဏ စားနေတာလား။အဲဒါကျန်းမာရေးအတွက် မကောင်းဘူး "
" အရင်ကပါ အခုကတော့ သိပ်မစားဖြစ်ပါဘူး။ ဘာလို့လဲ သိလား "
" ရိုးသွားလို့လား "
" No. No. ခေါက်ဆွဲပြုတ်တွေ ခဏခဏစားတာ မကောင်းဘူးဆိုတာသိတယ် ရောဂါရပြီး အသက်တိုနိုင်တယ်လေ ကျွန်တော်အသက်ရှည်ရှည်နေမှ ဖြစ်မှာမို့လို့ "
" အော် "
ကျွန်တော် ပြောချင်တဲ့အဓိပ္ပါယ်က Bui နဲ့အတူ အချိန်အကြာကြီး ကျန်းကျန်းမာမာနဲ့ နေသွားချင်တယ်လို့ ပြောတာ။ ကျွန်တော် အသက်ရှည်ရှည်နေချင်ရတဲ့ အကြောင်းပြချက်က မင်းပဲ Bui....
ငါတို့ စားလို့ ပြီးသွားတဲ့အခါ ပန်းကန်တွေ ကူသိမ်းပေးခဲ့တယ်။ ငါက ပန်းကန်ဆေးမယ်လို့ ပြောပေမယ့် Bui က သူကိုယ်တိုင်လုပ်ရမှာ ကျေနပ်တာတဲ့လေ။ ငါလဲဘာမှဆက်မပြောတော့ပဲ သူဆေးပြီးသားပန်းကန်တွေကိုသာ ပန်းကန်စင်မှာ သိမ်းဖို့ပဲ လုပ်ပေးလိုက်တယ်။
အခုတော့ မင်းကို အလိုလိုက်ပေးဦးမယ် Bui..
ကိုယ့်အပိုင်ဖြစ်သွားရင်တော့ မင်းကိုအလိုလိုက်မှာမဟုတ်ဘူး။ မင်းကို မီးဖိုချောင်ထဲကို လုံး၀ပေးမ၀င်ဘူး။ မောင်ကပဲ မင်းကို ချက်ကျွေးမှာမို့လို့။ စားပြီးသားပန်းကန်တွေလဲ မောင်ပဲဆေးပေးမှာ။ အိမ်သန့်ရှင်းရေးလား မောင်ပဲလုပ်မှာ။ မင်းလုပ်ရမယ့် တာ၀န်က မောင့်ကို ချစ်ပေးပြီး မောင့်အနားမှာ တသက်လုံး ရှိနေပေးရင် ရပြီ။

YOU ARE READING
ѕσυℓмαтє
Fanfictionအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...