Chapter 24

715 67 4
                                    

တီ.... တီ..... တီ.....

" ဟယ်လို မောင်.... ပြော "

[ ကိုကို အခု ရုံးမှာပဲလား ]

" အင်း ဟုတ်တယ် ရုံးမှာပဲ "

[ ဒါဆို မောင့်ကို ရုံးမှာပဲစောင့်နေ
မောင်အခု အဲ့ကိုရောက်‌တော့မယ် ]

" ဟမ် ?? "

[ ဒါပဲနော် ကိုကို.... မောင် ကားမောင်းနေလို့ ]

" မောင်--- "

ကြည့်.... ဖုန်းချသွားပြန်ပြီ... အကျိုးသင့်အကြောင်းသင့်ဘာမှပြောမသွားဘူး။အခု မောင်ကဆေးရုံမှာပဲ ရှိနေရဦးမှာလေ..မနက်ဖြန်မှ ဆေးရုံကဆင်းလို့ရမယ်လို့ ဆရာ၀န်ကြီးက ပြောထားတာ
ဘာတွေဖြစ်ပြန်ပြီလဲ မသိဘူး....

ငါလည်းအလုပ်ကနေ အကြာကြီး ခွင့်မယူချင်တာနဲ့ မောင် သတိရပြန်ရလာတဲ့နောက်နေ့ကစပြီး ရုံးပြန်တတ်ခဲ့တယ်။ ဒီရက်တွေမှာ ရုံးက‌နေ ပြန်တာနဲ့ ဆေးရုံကို၀င်ပြီး မောင့်အခြေအနေဘယ်လိုရှိလဲ ခဏ၀င်ကြည့်ပြီးမှ ကွန်ဒိုကို ပြန်ဖြစ်တာများတယ်

ငါတို့ချစ်သူတွေဖြစ်သွားကြပြီ‌ဆိုတာကို
နှစ်ဖက်လူကြီးတွေကို အသိပေးခဲ့တယ်။
မောင့် မိဘတွေကလည်း မကန့်ကွက်သလို
P'Tong ကလည်း ငါစိတ်ချမ်းသာစေမယ့် တကယ်ပျော်ရွှင်ရမယ့်အရာတွေကိုပဲ ရွေးချယ်ရင်ရပြီတဲ့.... ကျန်တာတွေ အရေးမကြီးဘူးဆိုပြီး ငါ့ကိုပြောခဲ့တယ်။

ရုံးဆင်းချိန်ရောက်တော့ တခြားသူတွေက ပြန်သွားကြပေမယ့် မောင်က ရောက်မလာသေးတာနဲ့ သူ့ကို စောင့်နေခဲ့တယ်။

၁၅ မိနစ်ရှိနေပြီ ရောက်လာ‌မယ်ဆိုပြီး ခုထိမလာသေးဘူး။ ကားကသူကိုယ်တိုင်မောင်းလာတာဆိုတော့ လမ်းမှာ တခုခုဖြစ်နေတာများလား..

" ကိုကို "

" အမလေး ဖြေးဖြေးသာသာဖက်ပါ.....
အရိုးတွေ‌ကျိုးကုန်တော့မှာပဲ "

" မောင် နောက်ကျသွားတယ် ဆောရီးနော် ...
ကိုကို့ ကို တနေကုန်သတိရနေတာ အခုမှပဲ အလွမ်းပြေသွားတော့တယ် "

" မောင် ကဝောာ့ အပိုတွေပြောတော့မယ် "

" လိုတောင်လိုနေပါသေးတယ် ကိုကို... "

ѕσυℓмαтєWhere stories live. Discover now