Build's pov
ဒီနေ့တော့ ရုံးဖွင့်ရက်ဖြစ်တာမို့ 6 နာရီအိပ်ရာထဖို့ Alam ပေးထားရသည်။ ရုံးချိန်က 9 နာရီမှ ဆိုပေမယ့် ငါက မနက်တိုင်း 15 မိနစ်လောက် လမ်းထလျှောက်လေ့ရှိတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းတဲ့သူမို့လို့ အချိန်အများကြီးမပေးရတဲ့ လမ်းလျှောက်တာကိုပဲ လုပ်ဖြစ်တယ်။
လမ်းလျှောက်ပြီး ပြန်လာရင်ခဏနား၊ ပြီးရင် မနက်စာအတွက် ပြင်ဆင်တယ်။ ပြီးရင် ၀ရံတာမှာ အလှစိုက်ထားတဲ့ ပန်းအိုးတွေကို ရေလောင်းပေးတယ်။
ပြီးရင်တော့ ဒီနေ့ တနေ့မှာ လုပ်စရာရှိတဲ့ အလုပ်တွေအတွက် Plan ချတယ်။ ပြီးတာနဲ့ ရေမိုးချိုး မနက်စာစားပြီး အလုပ်သွားတယ်။ ဒါကတော့ မနက်တိုင်း ပုံမှန်လုပ်နေကျ အလုပ်တွေပဲ။
တီးတောင်...... တီးတောင်
ဘဲလ်သံကြောင့် တံခါးဆီ လျှောက်သွားခဲ့တယ်။ သေချာတယ် Apo ပဲ နေမယ်။ ငါနေတဲ့နေရာက အလုပ်နဲ့ သိပ်မဝေးလှဘူး။ Apo ကတော့ P'Mile သူ့အတွက် ၀ယ်ပေးထားတဲ့ တိုက်ခန်းမှာနေတာ။
မနက်တိုင်း P'Mile က Apo ကို ၀င်ခေါ်ပြီး ရုံးအတူတူ သွားလေ့ရှိတယ်။ တစ်ခါတလေ P'Mile မအားရင်ဖြစ်ဖြစ် သူတို့ နှစ်ယောက် စကားများထားကြရင် ဖြစ်ဖြစ် အဲလိုအချိန်ဆိုရင်တော့ Apo က ငါ့ဆီလာပြီး ငါနဲ့အတူတူ သွားတယ်။
" ကဲ မောင်Apo ဒီနေ့ ငါနဲ့ အတူအလုပ်သွားမယ်ပေါ့ P'Mile မအားလို့လား "
" အင်း မနေ့က သူ့ရဲ့ညီ နိုင်ငံခြားက ပြန်ရောက်တယ်ပြောတယ်။ အဲ့ဒါ ဒီမနက်သွားစရာကိစ္စရှိလို့ သူလိုက်ပို့ပေးရမှာမို့လို့တဲ့ "
" ဪ.... "
(One Week Later)
မနေ့က P'Tong ဖုန်းဆက်တယ် ဒီနေ့က Ve လေးရဲ့မွေးနေ့မို့ ရုပ်ရှင်သွားကြည့်ကြရအောင်တဲ့ Ve လေးက ငါနဲ့ အတူတူသွားဖို့ ပူဆာလို့တဲ့။Ve လေးဆိုတာကတော့ ငါ့အကိုကြီးရဲ့သား ငါ့ရဲ့တူ Venice ကိုပြောတာ။ ငါက Ve လေးလို့ ချစ်စနိုးနဲ့ခေါ်တာ။ Ve လေးကတော့ ငါ့ကို P'Build ဟုသာ ခေါ်တတ်သည်။
P'Tong ကအိမ်ထောင်ကျသွားပြီမို့ သူ့မိသားစု နဲ့ သူဖြစ်နေပြီ။ သူ့အမျိုးသမီး P'May ရယ် သူ့သား Venice နဲ့ အတူ နေကြတာ။ Venice လေးက အသက် ၈နှစ်ရှိနေပြီ။ သူ့ဦးလေးဖြစ်တဲ့ ငါ့ကို သူ့မိဘတွေထက်တောင်မှ ပိုချစ်သေးတာ။

ВЫ ЧИТАЕТЕ
ѕσυℓмαтє
Фанфикအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...