Bible's pov
ဒီနေ့က အရင်နေ့တွေနဲ့ မတူတဲ့ တနင်္ဂနွေ၊
ငါအရောက်ချင်ဆုံး တနင်္ဂနွနေ့ဆိုရင် ပိုမှန်လိမ့်မယ် ဒီနေ့ Bui နဲ့ တွေ့ရမှာမို့ စိတ်လှုပ်ရှားနေတာ အရင်ကနေ့တိုင်း တွေ့နေကျဆိုပေမယ့် ဒီနေ့က Bui အပေါ်ထားတဲ့ ငါ့ရဲ့ခံစားချက်တွေကို ဖွင့်ပြောမယ့်နေ့ပဲ ငါ့ဘ၀မှာ ဒါက ပထမဆုံးအကြိမ်ဖြစ်တာမို့ နည်းနည်းတော့ စိတ်ပူမိတယ်Bui က ငါ့ကိုငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ သူနဲ့ သူငယ်ချင်းဖြစ်ခွင့်လေးတောင် ဆုံးရှုံးသွားရရင်ဒုက္ခပဲ တနေ့ တခြား Bui အပေါ်ထားတဲ့ ငါ့ရဲ့အချစ်တွေက ပိုပိုတိုးလာတာမို့ ဘယ်လိုမှ မျိုသိပ်မထားနိုင်တော့ဘူး ပြီးတော့ Win ဆိုတဲ့ လူကလည်း Bui ဆီ ချဉ်းကပ်နေပြီ
အခုက ငါက ရုပ်ရှင်ရုံထဲမှာ Bui တို့မလာခင် ကြိုရောက်နေတာပဲ ခဏကြာတော့ ငါရဲ့ Bui နဲ့ P'Apo တို့ ရုံထဲဝင်လာကြတယ် သူတို့က ငါ့ကို မြင်ကြပုံမပေါ်ဘူး ဘာလို့ဆိုတော့ ငါက သူတို့ ထိုင်မယ့်ခုံရဲ့ နောက် ၂ တန်းမြောက်မှာ နေရာယူထားတာကိုး
ငါရှိနေမှန်း သိအောင်တော့ Bui ဆီ စာပို့ရမယ်။ အဲဒါမှ......
[ Bui အနောက်ကို လှည့်ကြည့်လိုက်ပါလား ]
Bui က စာကိုမြင်တာနဲ့ အနောက်လှည့်ပြီး ကြည့်လာတာမို့ ငါ့ကိုမြင်အောင် လက်ထောင်ပြလိုက်တယ်။ Bui က ငါ့ကို မြင်တော့ နည်းနည်း အံ့ဩသွားတဲ့ပုံပဲ။ ဘေးမှာ ထိုင်နေတဲ့ P'Apo ကိုလည်း ငါရှိနေတယ်ဆိုတာ လက်တို့ပြီး ပြောလိုက်သေးတယ် P'Apo က လှည့်ကြည့်လာတော့ ငါရယ်ပြလိုက်ပါတယ် ငါ့ကျေးဇူးရှင် ယောက်ဖကြီးကို
ခဏနေတော့ ရုပ်ရှင်စပြတယ်။ ငါကတော့ အစထဲက ရုပ်ရှင်ကြည့်ဖို့လာတာ မဟုတ်တော့ Bui ကိုပဲ အနောက်ကနေ တချိန်လုံး ထိုင်ငမ်းနေခဲ့တာ
Bui လည်းပဲ ငါနဲ့သိပ်တော့မထူးပါဘူး ရုပ်ရှင်ကြည့်ဖို့လာတာလား မုန့်စားဖို့လာတာလား မသဲကွဲဘူး မုန့်စားနေရင်းနဲ့လည်း ဘေးကလူကို ကပ်ပြီး တိုးတိုး တိုးတိုးနဲ့ ပြောနေသေးတာ အနောက်ကကြည့်နေရင်းတောင် အသည်းတွေယားနေတာရုပ်ရှင်ပြီးဖို့ ၁နာရီလောက်အလိုမှာ ငါ P'Apo ဆီ ဖုန်းခေါ်လိုက်တယ် ငါ့ရဲ့ အစီအစဉ်မှာ P'Apo က ခဏနေရင် သွားရမှာလေ။ ဒါမှ Bui နဲ့ နှစ်ယောက်တည်း ဒိတ်လုပ်လို့ရမှာ
YOU ARE READING
ѕσυℓмαтє
Fanfictionအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...