Chapter 31

779 56 6
                                    

" မင်းတို့တွေ အလုပ်ကိုဘယ်လိုလုပ်နေကြတာလဲ "

မောင့်ရုံးခန်းတံခါးကို ဖွင့်လိုက်တာနဲ့ ကြားရလိုက်တဲ့စကားကြောင့် လူက တွန့်ခနဲဖြစ်သွားကာ တံခါးနားမှာပဲ ရပ်နေမိသည်။

" ဟုတ်ကဲ့ ဆရာ ကျွန်တော်တို့ နောက်ဆို သေချာဂရုစိုက်ပါ့မယ် ထပ်မဖြစ်စေရပါဘူး "

မောင်ကတော်တော်လေး ဒေါသထွက်နေပုံရသည်။ မောင့်ရဲ့ ဒီလိုပုံစံကို တခါမှမမြင်ဖူးတာမို့ အထူးအဆန်းဖြစ်နေလေသည်။

" ကိုကို.... "

မောင်က ငါရပ်နေတာကို အခုမှမြင်သွားဟန်တူပြီး လှမ်းခေါ်လိုက်သည်။

" မင်းတို့သွားလို့ရပြီ... နောက်ကို ဒါမျိုးထပ်မဖြစ်ပါစေနဲ့ "

" ဟုတ်ကဲ့ဆရာ "

၀န်ထမ်းနှစ်ယောက် အခန်းထဲက ထွက်သွားကြသည်နှင့် မောင့်အနားသို့ လျှောက်သွားခဲ့သည်။

" ကိုကို ဒီမှာ လာထိုင်ပါဦး လွမ်းနေလို့ "

မောင်က အတင်းပဲ လက်‌ကို ဆွဲကာ သူ့ပေါင်ပေါ်တွင် ထိုင်စေပြီး ခါးကိုလည်း တင်းကြပ်စွာ ဖက်ထားလိုက်‌သေးတယ်။

" အာ....... အခုမှ အားပြည့်သွားတော့တယ်...
တမနက်လုံး လွမ်းနေတာ အခုမှပဲ အမောပြေသွားတော့တယ် ကိုကို့ ကိုယ်လုံးလေးက ဘယ်အချိန်ပဲဖက်ဖက် အိနေတာပဲ "

" ဘာကို လွမ်းနေတာလဲ အမြဲတွေ့နေရတဲ့ဟာကို "

" အလုပ်ထဲမှာဆို သိပ်မတွေ့ရဘူးလေ
ကိုကို့ကို မောင့်အတွင်းရေးမှူးလုပ်ပါလို့
ပြောတာကို ကိုကိုက မလုပ်ချင်ဘူးလေ "

" အဲအလုပ်က ကိုကိုမှ မကျွမ်းကျင်တာ "

" ကိုကိုက ပြောလိုက်ရင် ဒီလိုကြီးပဲ
ကိုကိုသာ မောင့်အတွင်းရေးမှူးလုပ်မယ်ဆို ကိုကို့အလုပ်စားပွဲမောင့်အခန်းထဲ‌ရွှေ့လာလို့ရပြီ အဲဒါဆို ကိုကိုမျက်နှာလေးကို အချိန်တိုင်း‌တွေ့ရမှာကို အခုတော့ ဒီအခန်းထဲ မောင်တစ်ယောက်တည်း "

" မောင်ကလည်း အပိုတွေပြောနေပြန်ပါပြီ
အခုသာ ကိုကို့မျက်နှာလေးကို အမြဲမြင်ချင်ပါတယ်ဆိုပြီးပြောနေတာ နောက်ကျရင် မမြင်ချင်တော့ပါဘူးဆိုပြီး ရိုးသွားလို့ကတော့ ဟွန်း "

ѕσυℓмαтєWhere stories live. Discover now