Chapter 27

654 55 2
                                    

Bible's pov

အဖွားက ငါ့ကို အရမ်းသတိရနေကြောင်း၊ ‌တွေ့ချင်နေကြောင်း၊ ပြန်မလာတော့ဘူးလားဆိုပြီး တဖွဖွ မေးနေတာမို့ အဖွားစိတ်‌ ကျေနပ်အောင် US မှာ ပြန်လာနေတာ 1 ပတ်လောက်ရှိပြီ။ Bui နဲ့ မတွေ့ရတာ သိပ်မကြာသေးပေမယ့်လည်း ငါ့အတွက် အနှစ် 1 သန်းလောက် ဝေးကွာနေသလိုခံစားရတယ်။

အလုပ်တွေများနေလို့ဆိုပြီး ထမင်းကို အချိန်မှန်စားရဲ့လား... ပိတ်ရက်တွေဆို ညဥ့်နက်တဲ့အထိ ဇာတ်လမ်းတွဲထိုင်ကြည့်နေမလား... အလုပ်ထဲမှာ စိတ်ပင်ပန်းနေမလား.... ခေါင်းလျှော်ထားပြီး ဆံပင်ကိုရေခြောက်အောင်မသုတ်ဘဲ အဲကွန်းရှေ့မှာ ထိုင်နေမလား... စသည်ဖြင့် အခုချိန် Bui ဘာတွေလုပ်‌ နေမလဲဆိုပြီးခဏခဏ တွေးမိနေတာ။
လူကသာ ဒီမှာ စိတ်က Bui ဆီ ရောက်နေတာ...

Bui ကို တစ်နာရီ‌လောက်ကလေးမတွေ့ရရင်တောင် ငါ့မှာ သေမတတ်လွမ်းနေရတာ အခုလို မက်ဆေ့ခ်ျ ကနေပဲ စကားပြောခွင့်ရတဲ့ အခြေအနေမို့ စိတ်ကသိပ်အဆင်မပြေဘူး။ အဖွားစိတ်မကောင်းဖြစ်သွားမှာစိုးလို့သာ...

Bui ကို တနေ့တခြား ချစ်ရလွန်းလို့ ရူးတော့မယ်ထင်ပါရဲ့... Bui ကို တအားလွမ်းနေတာမို့ ငါ့မှာသာအတောင်ပံတစ်စုံရှိရင် အခုချက်ချင်း သွားတွေ့လိုက်ချင်တာ.....
စကားသံချိုချိုလေးနဲ့ လူတွေအကြောင်း... လောကကြီးအကြောင်း... ပတ်ဝန်းကျင်အကြောင်း ပြောပြတိုင်း ငါ့မှာ Bui ကို ပိုပိုပြီးချစ်ရတယ်...

ချစ်ခြင်းမေတ္တာက လူကိုတည်ဆောက်‌ပေးနိုင်တယ်တဲ့ Bui ကို တွေ့ပြီးတဲ့နောက်ပိုင်း ငါ့ကမ္ဘာဟာ အစစအရာရာ အရောင်အသွေး စုံလာတော့တာပါပဲ။ ငါ့ရဲ့ အဖိုးတန်လေးမို့ သူအမြဲတမ်းပျော်နေအောင်လည်း ငါတတ်နိုင်တာထက်ပိုပြီး ဖြည့်ဆည်းပေးချင်တယ်။

မျက်ခုံးကလေး ပင့်ကြည့်တာကအစ ချစ်ခြင်းမေတ္တာလို့ပဲ သတ်မှတ်ထားတာမို့.....
ဒီအသက်အရွယ်မှာ ကိုယ်လျှောက်ခဲ့တဲ့လမ်းရဲ့ ဘေးဘီဝဲယာက ပန်းကလေးတွေ... လက်နဲ့တို့ထိခဲ့ဖူးတဲ့ ရေစက်ရေပေါက်ကလေးတွေ... မြင်ခဲ့ဖူးသမျှထဲမှာ အလှပဆုံး အကြင်နာတရားတွေ... ပိုင်ဆိုင်ဖူးသမျှထဲမယ်
အတောက်ပဆုံး‌ စစ်မှန်မှုတွေ‌ပေါ့...

ѕσυℓмαтєWhere stories live. Discover now