Chapter 28 (ZG)

197 7 4
                                    

Build's pov

" အဟမ်း အဟမ်း
ချစ်သူနှစ်ဦး အလွမ်းသယ်လို့ ပြီးကြပြီလား "

" ပြီးပါပြီ... P'Perth .. အခုလိုကူညီပေးတာ ကျေးဇူးနော် "

" မောင် နဲ့ Perth က ဘယ်လိုဖြစ်ပြီး ... "

နားမလည်နိုင်စွာနဲ့ မောင့်မျက်နှာကို ကြည့်ကာ မေးလိုက်မိတော့

" အိမ်ထဲအရင်ဝင်ရအောင်လေ
ပြီးရင် မောင်အားလုံးရှင်းပြမယ်.... နော် "

ခေါင်းညိတ်ပြလိုက်ကာ မောင့်လက်ကိုဆုပ်ကိုင်ထားရင်း အိမ်ထဲကို ၀င်လာခဲ့တဲ့တယ်။ အိမ်ထဲရောက်တဲ့အခါ ဧည့်ခန်းထဲမှာ ထိုင်ပြီး စကားပြောနေကြတဲ့ မောင့်မိဘတွေရယ်.. P'Mile နဲ့ Apo တို့ကို တွေ့လိုက်ရတယ်။

" Ai Perth မင်း ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ ဘယ်တုန်းကပြန်ရောက်တာလဲ... ငါလည်းမသိရပါလား ပြီးတော့ ဘယ်လိုဖြစ်လို့ မင်းတို့ ၃ယောက်က အတူတူလာကြတာလဲ "

" မောင် Apo... ငါက ဘယ်ဟာကိုအရင်ဖြေပေးရမှာလဲ "

" ဆောရီး မင်းကို မတွေ့ရတာ အရမ်းကြာနေပြီမို့ ၀မျးသာသှားလို့ "

" အေးပါကွာ "

ငါတို့၃ ယောက်လုံး ထိုင်ခုံတစ်ခုဆီမှာ ၀င်ထိုင်လိုက်ကြတယ်

" ပြောတော့ သားက ပြန်မလာဖြစ်ဘူးဆို "

" ဒယ်ဒီတို့ရဲ့ နှစ်ပတ်လည်နေ့မှာ သားရှိမနေလို့ရမလား "

" မာမီ တို့ကြောင့်တော့ မဟုတ်ဖူးထင်ပါတယ်နော် "

မောင့်မိဘတွေကို အားနာစွာနဲ့ ရှက်ပြုံးကလေးတစ်ခုနဲ့သာ တုံ့ပြန်လိုက်သည်။

" ထားပါတော့... ဒါနဲ့ သူက ဘယ်သူလဲ "

" သူက P'Perth ပါ .... အန်ကယ် Sum
(Bible အဒေါ်ရဲ့ ယောကျာ်း) ရဲ့ တူလေ ... အဖွားဆီကို P'Perth လာရင်း တွေ့ဖြစ်ကြတာ... အဲဒါနဲ့ စကားစပ်ဆက်မိကြရင်းနဲ့မှ P'Perth က P'Apo တို့ရဲ့ သူငယ်ချင်းဖြစ်နေမှန်းသိရတာ "

" ဪ ကမ္ဘာကြီးက ဒီလောက်တောင်
ကျဉ်းတာပဲလား "

" မင်္ဂလာပါ အန်ကယ် နဲ့ အန်တီ
တွေ့ရတာဝမ်းသာပါတယ် "

" အေးကွယ် Sum ရဲ့တူလည်းဖြစ် သား Po တို့ရဲ့ သူငယ်ချင်းဆိုတော့ အိမ်ကိုအချိန်မရွေးလာ လို့ရတယ်နော် "

ѕσυℓмαтєWhere stories live. Discover now