Chapter 19 (ZG)

170 11 2
                                    

Bui က ငါ့ကိုပြောစရာရှိတယ်ဆိုပြီး ဒီကိုခေါ်လာတာပဲ။ ဒါပေမယ့် ငါတို့ ဒီမှာထိုင်နေတာ ၁၅ မိနစ်လောက်ရှိနေပြီ Bui ဆီကဘာစကားမှမကြားရသေးဘူး။ Bui က သက်ပျင်းတွေပဲ ခဏခဏချနေရင်း အရှေ့ကကန်ရေပြင်ကိုပဲကြည့်နေခဲ့တယ်။ Bui က တစ်စုံတစ်ခုကိုလေးလေးနက်နက်တွေးနေပုံရတယ်။ ပြီးတော့ လေထုကအရမ်းတိတ်ဆိတ်လွန်းနေတာမို့....တခုခုဖြစ်တော့မယ့် အနေအထားပဲ

" Bible မင်းငါ့ကိုဖုံးကွယ်ထားတာတခုခုများရှိနေလား "

Bui က ငါ့ကိုမကြည့်၊ ရေကန်ထဲကိုပဲ စိုက်ကြည့်နေရင်း မေးခွန်းထုတ်လိုက်တယ်

" Bui ... ကျွန်တော် "

" မင်းကတကယ်ပဲ P'Mileရဲ့ညီလား "

" ကျွန်ဝောာ်ရှင်းပြ- "

" မင်းဘာလို့ငါ့ကို လိမ်ခဲ့ရတာလဲ "

" တမင်ရည်ရွယ်- "

" ငါ့ကို အရူးလုပ်ခဲ့ရလို့အရမ်းပျော်နေလား "

" အဲလိုမဟုတ်- "

" မင်းငါ့ကို ဘယ်လိုသဘောထားခဲ့တာလဲ
ငါကအရမ်းအယုံလွယ်တတ်တာပဲလို့ မင်းတွေးနေတာလား "

" မဟုတ်ပါဘူး Bui ရယ် ကျွန်တော်ရှင်းပြ- "

" ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ငါကျမှဒီလိုမျိုးတွေပဲဖြစ်နေရတာလဲ "

ငါသူ့ကို အမှန်အတိုင်းပြောပြဖို့စဉ်းစားထားပြီးကာမှ Bui ကအရင်သိသွားရတယ်လား လောကကြီးက ရက်စက်လိုက်တာ..
Bui က ငါ့ကို စိတ်ဆိုးပြီးပေါက်ကွဲတဲ့အသံနဲ့ ပြောလာတာမျိုးမဟုတ်ပဲ တကယ်ကိုအေးဆေးတည်ငြိမ်စွာနဲ့ပြောနေတာ အဲဒါကပိုဆိုးတယ်လေ... တိတ်ဆိတ်တဲ့ ပေါက်ကွဲသံက ပိုပြီးကျယ်လောင်တယ်မလား...

"မင်းနဲ့ငါထပ်ပြီးပတ်သတ်စရာမလိုတော့ဘူး"

" အဲလိုမလုပ်ပါနဲ့ ကျွန်တော်ရှင်းပြတာလေးကိုနားထောင်ပေးပါဦး "

" မင်းဆီကအလိမ်အညာစကားတွေကို နားမထောင်ချင်တော့ဘူး "

Bui က ချက်ချင်းပဲမတ်တပ်ထရပ်လိုက်တယ်

" ဒီအတောအတွင်းမှာငါ့ကိုပျော်ရွှင်အောင်လုပ်ပေးခဲ့တာတွေအတွက်တော့ ကျေးဇူးတင်တယ် "

ѕσυℓмαтєWhere stories live. Discover now