ခွဲစိတ်ခန်းရှေ့တွင် Bible တစ်ယောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
ခွဲစိတ်ခန်းရဲ့ တံခါးဆီသို့ လှမ်းကြည့်လိုက် နှုတ်မှလည်း အင်္ဂုလိမာလ သုတ်ကို အဆက်မပြတ်ရွတ်နေလေသည်။ တခုခုလွဲချော်ပြီး Bui အတွက် ထိခိုက်မှုဖြစ်သွားမှာကို အရမ်းစိတ်ပူနေသည်။" သားငယ် စိတ်အေးအေးထားပါကွယ် Build လေးက အဆင်ပြေပြေမွေးနိုင်မှာပါ ဒီမှာလာထိုင်ပါဦး "
" ဟုတ်သားပဲ Bible ရာ ငါတို့လည်း စိတ်ပူတာပါပဲ ဒါပေမယ့် အဆင်ပြေသွားမှာပါ "
Mile ရော Apo တို့ကပါ Bible ကို စိတ်မပူဖို့ ထပ်ကာထပ်ကာပြောနေလေသည်။
ခဏကြာတော့ ခွဲခန်းတံခါးပွင့်လာကာ Bui ကို မီးဖွားပေးနေတဲ့ ဒေါက်တာ ထွက်လာသည်မို့ Bible ချက်ချင်းပဲ မတ်တပ်ထရပ်လိုက်သည်။
" Build Jakapan ရဲ့ အမျိုးသားရှိပါသလားရှင် "
" ဟုတ် ကျွန်တော်ပါ "
" ဂုဏ်ယူပါတယ် Khun Bible
Khun ရဲ့ အမျိုးသားက အမွှာလေးမွေးပါတယ်။ သားလေးတစ်ယောက် သမီးလေးတစ်ယောက်ပါ။ ဖခင်ရော ကလေးတွေပါ ကျန်းမာပါတယ်ရှင့် "" ခင်ဗျာ ကျေး ... ကျေးဇူး တင်ပါတယ် ဒေါက်...ဒေါက်တာ "
" ရပါတယ် ခဏနေရင် အခန်းပြောင်းပေးပါမယ် အဲ့ကျရင် ကလေးတွေကို ကြည့်လို့ရပါပြီ "
" ဟုတ်ကဲ့ "
အရမ်း၀မ်းသာနေသည်မို့ စကားတွေတောင် ထစ်ကုန်ရသည်။
" ဒယ်ဒီတို့ ကြားတယ်မလား Bui က အမွှာလေး မွေးတယ်တဲ့ "
" ကြားပါတယ် ဒါမှ ငါ့သားငယ် Bible ကွ "
" ဖေကြီးကလည်း တိုးတိုးပြောပါ "
" ဆောရီးပါ ဖေကြီး အရမ်းပျော်သွားလို့ပါ မေကြီးရ "
" ငါတို့လည်း ရာထူးတိုးပြီပေါ့ကွာ အမွှာလေးတွေ ဦးလေးတွေ ဖြစ်သွားကြပြီ "
ဒီနေ့တော့ အားလုံးရဲ့ ရင်ထဲမှာ အပျော်တွေပဲပြည့်နှက်နေခဲ့တယ်။ မိန်းကလေးတွေ အတွက်တောင် မလွယ်ကူတဲ့ ကိစ္စတစ်ခုကို Bui ကို သူ့အတွက် အခုလို စွန့်စားပြီး သူ့ရင်သွေးလေးတွေကို လူ့လောကထဲရောက် အောင် ခေါ်လာပေးခဲ့တာမို အတိုင်းမသိ ၀မ်းသာမိနေသလို Bui ကိုအရင်ထက်ပိုပြီး မြတ်နိုးမိနေသည်။

YOU ARE READING
ѕσυℓмαтє
Fanfictionအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...