Bible's pov
13.5.2022 (Friday)
ကုမ္ပဏီ မိတ်ဆုံစားပွဲနေ့ .......
P'Mile ရဲ့ ရုံးခန်းထဲမှာ ငါတစ်ယောက်တည်း....
P'Mile နဲ့ ဒယ်ဒီ က သူတို့ ၀န်ထမ်းတွေနဲ့ အတူအရှေ့မှာရှိနေကြတယ်။ P'Mile က အရှေ့လာခဲ့ဖို့ ပြောပေမယ့် မလိုက်သွားတာက လူတွေများနေရင် နေရခက်လာလို့ .....ဒီကို မလာဘူးလို့ ပြောထားပြီး အခုဒီမှာရောက် နေရတဲ့ အကြောင်းကတော့
P'Mile နဲ့ ဒယ်ဒီက ဒီကိုလာခါနီး လိုက်ခဲ့ဖို့ထပ်ပြောလာတော့ ငါ့စိတ်ထဲမှာ တစုံတရာ ရဲ့ ဆွဲငင်မှု ခံလိုက်ရသလိုမျိုး ... တစ်စုံတစ်ယောက်က ငါလာမှာကို မျှော်နေသလိုမျိုး ခံစားချက်ဖြစ်သွားတာ။ အဲဒါနဲ့ ဒီကိုရောက်လာတယ်ပဲ ဆိုပါတော့။ခဏနေတော့ P' က အခန်းထဲ ပြန်၀င်လာတယ်။
" Bible အရှေ့ကိုလာခဲ့ပါလား ဟိုမှာ သီးသန့် စားပွဲရှိတယ် "
" အင်း "
ငါလည်း တစ်ယောက်တည်း ပျင်းနေတာမို့ အရှေ့ကို လိုက်လာပြီး စားပွဲတစ်ခုမှာ ထိုင်လိုက်တယ်။
ဒီနေရာမှာ ရှိနေတဲ့ လူဦးရေ ခန့်မှန်းခြေ 100 ၀န်းကျင် လောက်ရှိမယ်.... သေချာကြည့်မိတော့မှ အရှေ့မှာ စတိတ်စင်ပါ လုပ်ထားသေးတာ။
ခဏကြာတော့ ဒယ်ဒီစင်ပေါ်တတ်သွားတာ လှမ်းမြင်ရတယ်။
" ဒီနေ့ကတော့ အန်ကယ်တို့ ကုမ္ပဏီရဲ့ နှစ် 20 ပြည့် နှစ်ပတ်လည် အခမ်းအနားဖြစ်ပါတယ် အားလုံးအတူတူ တတ်ညီ လက်ညီ ကြိုးစားခဲ့ကြတာမို့ ဒီနေ့အချိန်ထိ BUBBLE ကုမ္ပဏီဟာ နာမည် တစ်လုံးနဲ့ ရပ်တည်လာခဲ့တာပဲဖြစ်တယ် ....
အဲ့ဒါကြောင့် ဒီနှစ်မှာ အားလုံးအတွက် ထူးခြားတဲ့ အစီအစဉ်ရှိတယ်... အဲ့ဒါကတော့ ဒီကုမ္ပဏီရဲ့ အတော်ဆုံး ၀န်ထမ်း ၁၀ ဦး ကို ဂုဏ်ပြုဆု ချီးမြှင့်မှာ ဖြစ်တယ်။ ကျန်တဲ့သူတွေအတွက်လည်း သက်ဆိုင်ရာ Bonus ပေးမဲ့ အစီအစဉ်တွေလည်း ရှိပါတယ် "
အားလုံးက လက်ခုပ်ဝိုင်းတီးပြီး ဒယ်ဒီကို ကျေးဇူးတင်ကြောင်းပြောနေတာတွေ ကြားရတယ်။
" အားလုံးပဲ လွတ်လွတ်လပ်လပ်နေကြပါ အစားအသောက်တွေလည်း စိတ်ကြိုက် စားလို့ ရပါပြီ "

YOU ARE READING
ѕσυℓмαтє
Fanfictionအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...