Chapter 15 (ZG)

167 12 3
                                    

Bible's pov

ဒီတပတ်ပိတ်ရက် အိမ်မှာလာ‌နေမယ်လို့ ပြောထားတာမို့ သောကြာနေ့ ညထဲက ဒီဘက် အိမ်မှာရောက်နေတာပဲ ဒီညနေ Jeff နဲ့ တွေ့ဖို့ရှိသေးတယ်၊ ခဏနေရင် သူလာခေါ်မှာ သူနဲ့တွေ့ပြီးမှပဲ ကွန်ဒိုကို ပြန်တော့မယ်၊ 2 ရက်တောင် Bui ကို မတွေ့ရတော့ လွမ်းတဲ့စိတ်က တားမရဆီးမရဖြစ်နေပြီ

ကွန်ဒိုကို ပြန်ရောက်တော့ ညနေ ၆ နာရီရှိနေပြီ။ ဖုန်းထုတ်လိုက်ပြီး Bui ဆီ ငါပြန်ရောက်ပြီဆိုတဲ့အကြောင်း စာပို့ထားလိုက်တယ်

[ Bui ဘာလုပ်နေလဲ ကျွန်တော် ပြန်ရောက်ပြီနော် ]

Bui ဆီ စာပို့ပြီးတော့ ညစာအတွက် တခုခုမှာပြီးမှ ရေချိုးရမယ်။ ပြီးရင် ဒီည Bui နဲ့ အတူညစာစားဖို့ ပြောရမယ် Bui က ငါ့ကို သူ့အခန်းထဲ ၀ငျခှငျ့ပေးပါတော့မလားတောင်မသိဘူး ပြောကြည့်ရမှာပဲ

[ ကျွန်တော် Bui အတူ ညစာစားလို့ရမလား ]

Bui ပြန်ပို့မယ့်စာကို မစောင့်တော့ပဲ ရေအရင်ချိုးလိုက်တယ်

ရေချိုးပြီးတာနဲ့ Bui က ဘာများပြန်ပြောထားမလဲဆိုပြီး ဖုန်းဖွင့်ကြည်လိုက်တော့ ငါပို့ထားတဲ့စာကို ဖတ်တောင်မဖတ်ရသေးဘူး

သူ မအားသေးလို့များလား ဇာတ်လမ်းတွဲကြည့်နေလို့လား ဒါမှမဟုတ် စာဖတ်နေလို့များလား

***

7:00 Pm

Bui က အခုထိ ငါ့ပို့ထားတဲ့ စာကို မကြည့်သေးဘူး

[ Bui ရေ ....... စာလေးတော့ ဖတ်ပါဦးလို့ ]

ဒါမှမဟုတ် အိမ်မှာမရှိလို့များလား

တူ..... တူ..... တူ....

လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ_

ဖုန်းခေါ်တော့လဲ မကိုင်ဘူး စာပို့တော့လည်း ၀င်မကြည့်ဘူး Bui ငါ့ကို တခုခုစိတ်ဆိုးနေတာများလား Bui စိတ်ဆိုးအောင် မင်းဘာများလုပ်ထားမိလဲ စဉ်းစားစမ်း Bible

သူစိတ်ဆိုးအောင် ငါဘာမှမလုပ်ထားဘူးလို့တော့ ထင်တာပဲ..... Bui ငါ့ကို စကားမပြောရင် ငါလုံးဝမနေတတ်ဘူး။ အနည်းဆုံးတော့ သူငါ့ကို စိတ်ဆိုးပြီး အော်ငေါက်သံလေးကြားရရင်တောင် အဆင်ပြေတယ်

ѕσυℓмαтєWhere stories live. Discover now