Chapter 25

629 56 6
                                    

Bible's pov

Bui နဲ့ အတူနိုးထခွင့်ရတဲ့နေ့ကစပြီး ငါ့ရဲ့မနက်ခင်းတွေက လှပပြီးအဓိပ္ပါယ်ရှိနေသောပဲ...
ဒါပေမယ့် ဒါကို အိပ်မက်တစ်ခုလို့ပဲ ထင်မိနေသေးတယ်.. Bui နဲ့ အခုလို အခြေအနေထိ ရောက်လာဖို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေက နည်းမှ မနည်းပဲလေ...

မျက်လုံးတွေကို ခပ်ကျယ်ကျယ်ဖွင့်လိုက်
ပြီးတော့ ငါ့ရဲ့နံဘေးမှာ ငြိမ်သက်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ အမျိုးသားလေးကို ငေးကြည့်နေမိရင်း စိတ်လိုလက်ရပြုံးလိုက်မိတယ်... ခန်းဆီးမှတဆင့် ထိုးဖောက်၀င်ရောက်လာတဲ့ နေရောင်ခြည်လေးက Bui ရဲ့မျက်နှာလေးပေါ်သို့ ဖြောင့်တန်းစွာကျဆင်းလာတာကို ကြည့်ရင်း Bui ရဲ့နဖူးပြင်ထက်သို့ နူးညံ့တဲ့ အနမ်းတပွင့်ခြွေလိုက်တယ်....

" Morning ကိုကို "

Bui က လှုပ်လှုပ်ရွရွဖြစ်သွားပြီး ခန္ဓာကိုယ်ကို တဖက်သို့ စောင်းကာ ငြိမ်သက်သွားပြန် သည်။ Bui ကို ကျီစယ်ချင်တာမို့ ပုခုံးလေးကို ခပ်ဖွဖွကိုင်လိုက်ရင်း သူ့ကိုယ်လုံးလေးကို
ငါနဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားအောင် အသာဆွဲလှည့်လိုက်တယ်.....

အဲ့ဒီနောက် ဖောင်းဖောင်းအိအိဖြစ်နေတဲ့
ပါးပြင်နှစ်ဖက်ကို တစ်လှည့်စီ နမ်းလိုက်တယ်။ ထိုမှတဆင့် နှာခေါင်းလုံးလုံးကလေးကို မနာအောင် လက်ချောင်းထိပ်လေး‌‌တွေနဲ့ အသာဆွဲညှစ်လိုက်တဲ့အခါ ပုခုံးလေး တွန့်ခနဲ ဖြစ်သွားပေမယ့် Bui ရဲ့ မျက်၀န်းညိုညိုလေးတွေကတော့ ပွင့်မလာသေးဘူး။

နဖူးပေါ်ကျနေတဲ့ ပျော့အိအိဆံပင်လေးတွေကို နမ်းရှိုက်လိုက်ပြီး " ဘယ်အချိန်ပဲကြည့်ကြည့် မောင့်ကလေးလေးက ချစ်စရာကောင်းနေတာပဲ " လို့ ရေရွတ်လိုက်တဲ့အခါ Bui မျက်နှာပေါ်မှာ ခပ်ရေးရေးအပြုံးတစ်ခုကို မြင်လိုက်ရသည်မို့ Bui အိပ်ချင်‌ယောင်ဆောင်နေမှန်း ရိပ်မိလိုက်တယ်...

Bui နိုးနေပြီဆိုတာ သိလိုက်တာနဲ့ ခပ်ဟဟ ဖြစ်နေတဲ့ Bui ရဲ့ နှုတ်ခမ်းစူစူကလေးကို ငုံထွေးပစ်လိုက်တယ်..... ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်နှစ်ကြိမ်ပဲဖြစ်ဖြစ် Bui ရဲ့ စ‌တော်ဘယ်ရီနှုတ်ခမ်းလေးကို စားသုံးပြီးရင်း စားသုံးချင်နေမိတော့တာပဲ....

ѕσυℓмαтєWhere stories live. Discover now