Build's pov
အခု ငါနဲ့ Bible က P'Tong အရှေ့မှာ ကျုံ့ကျုံကလေးထိုင်လို့။
ညက မူးနေတာမို့ Bible ငါ့ကို အခန်းထဲလိုက်ပို့တာပဲ မှတ်မိတယ်။ အဲ့နောက်ပိုင်း ဘာဆက်ဖြစ်လဲ မသိတော့ဘူး။ Bible က ဘာလို့ သူ့အခန်းကို မပြန်တာလဲ။ ငါနဲ့ သူ ဘာမှတော့ ဖြစ်ခဲ့ပုံမရဘူး။
ငါကိုယ့်ကိုကိုယ် ငါစစ်ဆေးပြီးပြီ ပုံမှန်အတိုင်းပဲ ရှိနေသေးတယ်။
ညက ငါ၀တ်ထားတဲ့ အင်္ကျီ မဟုတ်တာလေး တစ်ခုပဲ။ ဒါလည်း Bible လဲပေးထားတာပဲ နေမှာပေါ့။" ကဲ Jakapan ပြောစမ်းပါဦး
ဘယ်လိုဖြစ်ရတာလဲ ပြီးတော့ သူက ?? "P'Tong က Bible ဘက်သို့ မေးငေါ့ပြလိုက်တယ်။
" သူက Bible တဲ့ ကုမ္ပဏီမှာ အလုပ်သင်၀င်လုပ်နေတာ။ သူက ကျွန်တော့် အခန်းရဲ့ အရှေ့ခန်းမှာနေတာ "
" ဒါပဲလား
ငါမေးချင်တာက မင်းတို့နှစ်ယောက် ဘယ်လိုဖြစ်ပြီး အတူတူအိပ်နေတာလဲလို့ မင်းတို့က ရည်းစားတွေလား "" မဟုတ် ... မဟုတ်ပါဘူး P'Tong ကလည်း မနေ့ညက ကလပ်သွားကြရင်းနဲ့ ကျွန်တော် မူးလာလို့ Bible က အခန်းထဲထိ လိုက်ပို့ပေးတာပါ။ သူဘာလို့ မပြန်လဲတော့မသိဘူး သူ့မေးကြည့် "
" ကဲ.... ဆို..... မင်းက ဘာလို့ ငါ့ညီနဲ့ အတူတူအိပ်နေရတာလဲ မင်း ငါ့ညီကို ကြိုက်နေတာလား "
ဟာ P'Tong တို့ကလည်း လုပ်ချလိုက်ပြီ။ Bible ကို အားနာစရာတွေ ဖြစ်ကုန်ပြီ။ Bible ကလည်း ပျာပျာသလဲ ပြန်ရှင်းပြရှာတယ်။
" မ.. မဟုတ်ပါဘူး။ ညကမပြန်တာက Bui က အရမ်းမူးနေတော့ တစ်ခုခုဖြစ်နေမှာ စိုးလို့ပါ "
" မင်းက စိတ်ပူတယ်ပေါ့ "
" ဟုတ်.. အမ် မဟုတ် "
P'Tong ကတော့ ပြောလေဆိုးလေ ဖြစ်နေပြီ
" ထားတော့ ဒီမနက် မင်းမွေးနေ့မို့လို့ လာခဲ့တာပဲ မင်းအတွက် စီစဉ်ထားတာ ရှိလို့ လာခေါ်တာ "
" ဘာကြီးလဲ P' "
" ပြီးရင် သိရမှာပေါ့ ရေချိူးတော့....
ခဏနေရင် အပြင်သွားကြမယ်။ Venice နဲ့ May က သွားနှင့်နေပြီ "
YOU ARE READING
ѕσυℓмαтє
Fanfictionအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...