Chapter 17

486 59 2
                                    

Bible's pov

မနက်ဖြန် ခရီးထွက်ရမှာမို့ လုပ်စရာအလုပ်တွေကို အပြီးသတ်နေတာနဲ့ပဲ ပြန်ရမယ့်အချိန်ထက် နောက်ကျနေပြီ။ တကယ်တော့ ငါ့အလုပ်တွေက ပြီးသွားပေမယ့် မပြန်သေးပဲ Bui ကို စောင့်နေတာ။ Bui ကိုတစ်ယောက်တည်း ပြန်ခိုင်းရမှာ စိတ်မချလို့။

" Bible မပြန်သေးဘူးလား "

" ဪ Prew ပါလား.. မပြန်သေးဘူး Bui ကို စောင့်နေတာ "

Bui က သူ့နာမည်ပြောသံကြားလို့လားမသိဘူး တစ်ချက် လှည့်ကြည့်လိုက်တယ်။

" P'Bui နဲ့ Bible က အရမ်းရင်းနှီးကြတယ်နော် အမြဲတမ်း အတူတူတွေ့ရတတ်တယ် "

" အင်း ဆိုပါတော့ ဒီကိုလာတာ ကိစ္စရှိလို့လား "

" အင်း Bible ကို ဒါလေးပေးချင်လို့ "

" ဘာလဲ "

" သရက်သီးကိတ်ပါ Prew ကိုယ်တိုင်လုပ်ထားတာ "

" အားနာစရာတွေ ပြန်ယူသွားလိုက်ပါ "

" Bible ကို စားစေချင်လို့ "

" ကျွန်တော် အဲဒါမကြိုက်ဖူးဗျ "

" ဟင် Prew ကြားထားတာ Bible က
သရက်သီးကိတ် အရမ်းကြိုက်တယ်ဆို "

" ဟုတ်တယ် အရင်ကပါ ဒီရက်ပိုင်းမှ မကြိုက်တော့တာ ပြန်ယူသွားလိုက်ပါ "

" ရှင် "

" ခွင့်ပြုပါဦး "

အဲဒီကောင်မလေး အနောက်မှာ ဘယ်လိုကျန်‌နေခဲ့မလဲတော့မသိဘူး။ ဟိုတနေ့က သူက xxxx Department က Prew ဆိုပြီး သူ့ကိုယ်သူ လာမိတ်ဆက်သွားတာ။ ငါ့ကို သိနေတာကြာပြီဆိုပဲ ဟုတ်မှာပေါ့ ကုမ္ပဏီတစ်ခုထဲမှာ လုပ်နေကြတာဆိုတော့သိတာမထူးဆန်းပါဘူး။ ငါကသာ ငါတို့ Department က လူတွေနဲ့ ရင်းရင်းနှီးနှီးရှိပေမယ့် တခြား Department ကို ကိစ္စရှိလို့ သွားရပြီဆိုလည်း လုပ်စရာရှိတာလုပ်ပြီးတာနဲ့ ပြန်လာတာဆိုတော့ တော်ရုံတန်ရုံ ပတ်၀န်းကျင်လဲ သိပ်မကြည့်ဖြစ်ဘူး

Bui တမျိုးထင်သွားမှာစိုးလို့ မြန်မြန်စကားဖြတ်ပြီး သန့်စင်ခန်းဆီ ထွက်လာခဲ့တာ။ သူ့ရဲ့ ချွဲပြစ်နေတဲ့ အသံက Bui ငါ့ကို စိတ်ဆိုးတဲ့အခါ အော်ပြောတဲ့အသံလောက်တောင် နား၀င်မချိုဘူး။ ဒီလိုကိစ္စ‌မျိုးတွေ အရင်ကလည်း ခဏခဏကြုံဖူးပေမယ့် အခုလောက်ထိ တခါမှ စိတ်အနှောက်မဖြစ်ဖူးဘူး။ ငါ့နှလုံးသားထဲမှာ Bui က နေရာအပြည့်ယူထားတာမို့ တခြားလူတွေ ငါ့အနားကပ်လာရင် သဘောမကျတာဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် Bui အထင်မလွဲဖို့သာ အရေးကြီးတယ်

ѕσυℓмαтєWhere stories live. Discover now