Chapter 23

635 70 10
                                    

Build's pov

" Bui မငိုရဘူးလေကွာ.. မောင့်ကို စိတ်မချဖြစ်အောင်မလုပ်ရဘူးလေ ... နော်"

" ဟင့်.. အဟင့် Bible ငါ့ကို ထားမသွားပါနဲ့
ငါမင်းကို အရမ်းချစ်တယ် "

" ကျွန်တော်လည်း Bui ကို အရမ်းချစ်ပါတယ်... နောက်ဆိုရင် Bui အနားမှာ ကျွန်တော်ရှိနေနိုင်မှာမဟုတ်တော့ဘူးဆိုတော့ Bui ကိုယ့်ကိုကိုယ် ဂရုစိုက်နော်.. "

" Bible… "

" ဒါပေမယ့် ကျွန်တော်ပြောခဲ့တဲ့စကား‌တွေကို မှတ်မိတယ်မလား ကျွန်တော်ဒီလောကကြီးထဲက အပြီးထွက်သွားရရင်တောင် ကျွန်တော့်လိပ်ပြာက Bui အနားမှာ အရိပ်လိုအမြဲရှိနေမှာ "

" အီး.. ဟီး... ငါတောင်းပန်ပါတယ် ငါမင်းနဲ့ မခွဲနိုင်ဘူး "

" ကျွန်‌တော်သွားရတော့မယ် Bui .... "

" Bible!!! "

Bible က ငါ့ကို လက်ပြနှုတ်ဆက်ကာ ဟိုးအဝေးဆုံးကို ထွက်သွားခဲ့ပြီ။ ငါ့နှလုံးသားတွေအရမ်းနာကျင်နေရတယ်။ တကယ်လို့များ အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရခဲ့မယ်ဆိုရင် မင်းကို ဘယ်‌လောက်ထိချစ်တယ်ဆိုတာကို စောစောစီးစီး ဖွင့်ဟဝန်ခံဖြစ်မှာပါ။ အခုတော့.. အခုတော့..အရာရာဟာ နောက်ကျသွားခဲ့ပြီ.... သူငါ့ဆီ ဘယ်တော့မှာပြန်မလာနိုင်တော့ဘူး......

" Build… Build သတိထားဦးလေ "

ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ အဆောက်အဦတစ်ခုထဲကို ရောက်နေသလိုပဲ... ပတ်၀န်းကျင်ကို သတိထားကြည့်မိတော့ Apo ရယ် P'Tong ရယ် P'May နဲ့ Venice တို့က ငါ့အနားမှာ ရှိနေကြပြီး စိုးရိမ်တဲ့မျက်လုံးတွေနဲ့ ငါ့ကိုကြည့်‌နေကြတယ်

" ညီလေး သတိရလာပြီလား.. "

" ကျွန်‌တော် ဘယ်ကိုရောက်နေတာလဲ P’Tong… "

" ဆေးရုံကိုရောက်နေတာလေ မင်းသတိမေ့နေတာ 5 နာရီလောက်ရှိသွားပြီ "

ဆေးရုံကို ရောက်နေတာတဲ့လား.. ဒါဆို Bible ကရော ?

Ve လေးက ငါ့အနားသို့ ကပ်လာကာ သူ့လက်သေးသေးလေးတွေနဲ့ ငါ့လက်ဖဝါးတွေကို ဆုပ်ကိုင်ထားရင်း နှဖူးလေးကို စမ်းကြည့်ပြီး သက်သာရဲ့လားဆိုပြီး မေးနေလေရဲ့။ ဒါပေမယ့် အခုချိန်မှာ ငါအတွေ့ချင်ဆုံးက သူတစ်ယောက်တည်းပဲ....

ѕσυℓмαтєWhere stories live. Discover now