Bui က ငါ့ကိုပြောစရာရှိတယ်ဆိုပြီး ဒီကိုခေါ်လာတာပဲ။ ဒါပေမယ့် ငါတို့ ဒီမှာထိုင်နေတာ ၁၅ မိနစ်လောက်ရှိနေပြီ Bui ဆီကဘာစကားမှမကြားရသေးဘူး။ Bui က သက်ပျင်းတွေပဲ ခဏခဏချနေရင်း အရှေ့ကကန်ရေပြင်ကိုပဲကြည့်နေခဲ့တယ်။ Bui က တစ်စုံတစ်ခုကိုလေးလေးနက်နက်တွေးနေပုံရတယ်။ ပြီးတော့ လေထုကအရမ်းတိတ်ဆိတ်လွန်းနေတာမို့....တခုခုဖြစ်တော့မယ့် အနေအထားပဲ
" Bible မင်းငါ့ကိုဖုံးကွယ်ထားတာတခုခုများရှိနေလား "
Bui က ငါ့ကိုမကြည့်၊ ရေကန်ထဲကိုပဲ စိုက်ကြည့်နေရင်း မေးခွန်းထုတ်လိုက်တယ်
" Bui ... ကျွန်တော် "
" မင်းကတကယ်ပဲ P'Mileရဲ့ညီလား "
" ကျွန်ဝောာ်ရှင်းပြ- "
" မင်းဘာလို့ငါ့ကို လိမ်ခဲ့ရတာလဲ "
" တမင်ရည်ရွယ်- "
" ငါ့ကို အရူးလုပ်ခဲ့ရလို့အရမ်းပျော်နေလား "
" အဲလိုမဟုတ်- "
" မင်းငါ့ကို ဘယ်လိုသဘောထားခဲ့တာလဲ
ငါကအရမ်းအယုံလွယ်တတ်တာပဲလို့ မင်းတွေးနေတာလား "" မဟုတ်ပါဘူး Bui ရယ် ကျွန်တော်ရှင်းပြ- "
" ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ငါကျမှဒီလိုမျိုးတွေပဲဖြစ်နေရတာလဲ "
ငါသူ့ကို အမှန်အတိုင်းပြောပြဖို့စဉ်းစားထားပြီးကာမှ Bui ကအရင်သိသွားရတယ်လား လောကကြီးက ရက်စက်လိုက်တာ..
Bui က ငါ့ကို စိတ်ဆိုးပြီးပေါက်ကွဲတဲ့အသံနဲ့ ပြောလာတာမျိုးမဟုတ်ပဲ တကယ်ကိုအေးဆေးတည်ငြိမ်စွာနဲ့ပြောနေတာ အဲဒါကပိုဆိုးတယ်လေ... တိတ်ဆိတ်တဲ့ ပေါက်ကွဲသံက ပိုပြီးကျယ်လောင်တယ်မလား..."မင်းနဲ့ငါထပ်ပြီးပတ်သတ်စရာမလိုတော့ဘူး"
" အဲလိုမလုပ်ပါနဲ့ ကျွန်တော်ရှင်းပြတာလေးကိုနားထောင်ပေးပါဦး "
" မင်းဆီကအလိမ်အညာစကားတွေကို နားမထောင်ချင်တော့ဘူး "
Bui က ချက်ချင်းပဲမတ်တပ်ထရပ်လိုက်တယ်
" ဒီအတောအတွင်းမှာငါ့ကိုပျော်ရွှင်အောင်လုပ်ပေးခဲ့တာတွေအတွက်တော့ ကျေးဇူးတင်တယ် "

YOU ARE READING
ѕσυℓмαтє
Fanfictionအဲဒီ 𝟷𝟿𝟿𝟺 𝙱𝚘𝚛𝚗 လေးပေါ့... ကျွန်တော့်ကို အခါခါပြုံးနိုင်အောင် လုပ်နိုင်တာ... 𝙱𝚒𝚋𝚕𝚎 𝚡 𝙱𝚞𝚒𝚕𝚍 𝙵𝚊𝚗𝚏𝚒𝚌. 𝙼 - 𝙿𝚛𝚎𝚐 & 𝚁𝚘𝚖𝚊𝚗𝚌𝚎. 𝟏𝟔.𝟗.𝟐𝟎𝟐𝟐 ~ 𝟐𝟓.𝟏𝟏.𝟐𝟎𝟐𝟐 #𝙗𝙪𝙗𝙗𝙡𝙚𝙨 𝙩𝙤𝙥 𝙤𝙣𝙚 ------------ အဲဒီ 𝟷𝟿𝟿...