Chapter 30

672 47 2
                                    

Bible's pov

" အူးး... ဝါး....
ကိုကို အဲ့မှာဘာထိုင်လုပ်နေတာလဲ "

" ဘာမှမလုပ်ပါဘူး..... နိုးလာပြီလား "

" အင်း... ဘယ်နှစ်နာရီ ထိုးနေပြီလဲ "

" ၄ နာရီ ခွဲတော့မယ် "

" ညနေတောင်စောင်းနေပြီ...
မောင် တော်တော်ကြာကြာ အိပ်လိုက်တာပဲ 😁 "

" ဟုတ်ပါ့.. မောင့်ကိုပြောစရာရှိလို့ "

" အမိန့်ရှိပါ ဗျာ "

" ရေခဲမုန့်စားချင်လို့ အာ့လေ လမ်းထိပ်က Mart မှာသွား၀ယ်ပေးပါလား ဟင် "

" ရေခဲမုန့်တွေက ရှိသေးတယ်မဟုတ်ဖူးလား "

" ရှိပါတယ် ဒါပေမယ့် ချောကလတ်အရသာ
မရှိတော့ဘူးလေ မောင်က ယူယူစား‌နေတာကို "

" ရှိတဲ့ဟာပဲ စားလို့မရဘူးလားကိုကို
အဲ့တစ်ခုတည်းနဲ့ သွား၀ယ်ဖို့ကျ- "

" သိလိုက်ပါပြီ.... သိလိုက်ပါပြီ
မောင် မ၀ယ်ပေးချင်မှန်း...  "

Bui က မျက်လွှာလေးချပြီး လိုချင်တာမရလို့ ဂျီကျနေတဲ့ ကလေးသဖွယ် နှုတ်ခမ်းလေး စူထားလျက်....

" မ၀ယ်ပေးချင်လို့ မဟုတ်ပါဘူး "

" ဟုတ်တယ် ဒါလေး၀ယ်ခိုင်းတာကို မင်းကငြိုငြင်နေတယ် ကိုကို့ကို မချစ်တော့ဘူး မလား အီး.. "

" အမလေး ရွှေစိတ်တော် မညှိုးသွားပါနဲ့ဗျာ
ကျွန်တော်မျိုး သွား၀ယ်ပေးပါ့မယ် "

" တွေ့လား ဒါကရွဲ့တာဖြစ်သွားပြီ။
မင်းက ငါ့ကိုစိတ်မရှည်တော့ဘူး။ ပြောတော့
ငါ့ကိုပျော်အောင်ထားမယ်ဆိုပြီး ဒါလေးခိုင်းမိတာကို ငြူစူနေတယ် "

မထွက်တဲ့ မျက်ရည်တွေကို အတင်းညှစ်ကာ ငိုချင်‌ယောင်ဆောင်နေတဲ့ Bui ကိုကြည့်ပြီး အသဲယားလာတာမို့ နှာတံလုံးလုံးကလေးအား ဆွဲညှစ်လိုက်မိသည်။

" ဟုတ်ပါပြီ မောင်မှားပါတယ်။ စိတ်မကောက်နဲ့နော် ‌ကိုကိုစားချင်တာဆို မောင်ကသွား၀ယ်ပေးမှာပေါ့ "

" အစောထဲက ပြောစကားနားထောင်လိုက်ရင်
ပြီးရော ဟွန့် "

" အင်းပါ မောင့်‌ကလေးလေး စိတ်ရှုပ်သွားရပြီ တောင်းပန်တယ်နော် အာဘွား "

ѕσυℓмαтєWhere stories live. Discover now