Unicode
"ကျွန်တော် ပိုင်သော ညို....❤️"
အပိုင်း(၄)"ဒါဆို နင်လက်ခံလိုက်တာလား ညို...."
မေသဲ ကို မျက်မှောင်ကျုံ့ပြီး
မေးလာတဲ့နေစွမ်းလေးကြောင့်
မေသဲ ဟာ တာရာလေးကို ချီပိုးထားရင်းမှ
ခေါင်းငြိမ့်ပြလိုက်သည်။"နင် ဘာလို့ လက်ခံလိုက်တာလည်း...."
နေစွမ်းလေး မေးလာသည့် မေးခွန်းကို
မေသဲ မဖြေတတ်။သို့ပေမယ့် မေသဲ သိတာတစ်ခုက
မေမေရဲ့မိတ်ဆွေတွေက သဘောမနောကောင်းမယ့်ပုံတွေဘဲ ဆိုတာကိုတော့ မေသဲ တပ်အပ်ခံစားရသည်။"ညို...နင်အဲ့ဒီ့အိမ်မှာ ကျွန်သွားလုပ်ဖို့လား?"
"ဘာပြောလိုက်တယ် စွမ်းလေး..."
မေသဲဟာ နေစွမ်းစကားရဲ့ အဓိပ္ပာယ်ကို
သိလည်းသိသည်၊ မကြိုက်လည်းမကြိုက်တာမို့
တာရာလေးကို ချီထားလျက် ပြောလိုသည့် စကားက"ငါတို့အနာဂတ်ကို နင်သိလား နေစွမ်း!
မေမေ့ရဲ့ မိတ်ဆွေတွေက ငါတို့ကို
ပညာရေးရော နေရာထိုင်ခင်းရော အကုန်ပေးမှာလေ
အဲ့ဒါကို လက်မခံရအောင် ငါမရူးဘူး နေစွမ်း""ညို့!"
စွမ်းလေးဟာ အစ်မဖြစ်သူရဲ့စကားကြောင့်
ဒေါသအနည်းငယ်ထွက်သွားရသည်။"ငါ ရှာကျွေးနိုင်တယ် မေသဲညို!"
"ကလေးက ကလေးစကားပြော နေစွမ်းမဟာ..."
"ငါ့ကို မေမေက တံမြက်စည်း ဘယ်လို
ရောင်းရမယ်ဆိုတာ သင်ပေးသွားတယ်
ဘယ်အရပ်မှာ ဘယ်လိုရောင်းရင်
ဘယ်လောက်ပိုက်ဆံ ရနိုင်ခြေရှိတယ်ဆိုတာကိုလည်း
ငါ့ကို သင်ပေးခဲ့တယ် ညို့!
ပြီးတော့ ငါလည်း ကလေးအရွယ်ဘဲ
ရှိသေးတာဆိုတော့ ငါ့ကို သနားပြီး
ငါ့ဆီကနေ ဝယ်ကြမှာဘဲ...""ဘဝကြီးက
နင်ထင်သလောက် မလွယ်ဘူး နေစွမ်းမဟာ""နင် ပညာတတ်ဖို့ဆိုရင် ငါဘာမဆိုလုပ်မှာဘဲ
အဲ့တော့ နင်အဲ့အိမ်မှာ သွားနေစရာမလိုဘူး""ငါအထုပ်တွေ ပြင်ပြီးပြီ...."
"ညို့!"
နေစွမ်းဟာ စိတ်မရှည်တော့တဲ့ပုံစံဖြင့်
မေသဲကို မျက်ထောင့်နီကြီးဖြင့်ကြည့်လာသည်။
ဒါကို မေသဲညို ဆိုတဲ့ ကောင်မလေးကလည်း
ဂရုမစိုက်ပါ။
![](https://img.wattpad.com/cover/325606151-288-k203285.jpg)
KAMU SEDANG MEMBACA
ကျွန်တော် ပိုင်သော ညို🤎
RomansaUnicode ကျနော်က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ ဆိုတဲ့ကောင်လေးဟာ ညိုချောလေးကိုမှ တကယ် အသည်းခိုက်မတတ် ချစ်မိသွားတဲ့ အခါမှာတော့.....? #ဆန်စက် ပိုင်ရှင် သူဌေးသားလေး❤️🤎 ZawGyi က်ေနာ္က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ... #ဆန...