Noti: စာအောက်ဆုံးမှာ
မေသဲနဲ့ ကိုကြီး လည်ပတ်တဲ့
ကလောမြိုရဲ့ ပုံလေးတွေ ပါပါတယ်နော်🤭💙Unicode
"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၁၆)
မေသဲ နိုးထလာတော့ ကုတင်ထက်
ရောက်နေပြီဖြစ်သည်။ မီးအိမ်ဘေးက
နာရီကို ကြည့်လိုက်တော့ ည ၇ နာရီထိုးဘဲ
ရှိသေးသည်။ ပြန့်ကျဲနေတဲ့ ဆံပင်ကို စုစည်းလိုက်ပြီး အခန်းထဲကနေ ထွက်လာခဲ့သည်။
ခြံဝန်းထဲကလူတွေ ကို ကြည့်လိုက်တော့
သောက်စားပျော်ပါးနေကြသည်။သော်မင်းဆက်၊ ညီဇေကျော်နဲ့ စစ်မင်းထက်တို့ဟာ ဝိုင်းတစ်ဝိုင်းဖွဲ့ပြီး ခေါင်ရည်ထိုင်သောက်နေကြသည်။
"မင်းက ဒါဆို flight နဲ့ အမြန်လာရတာပေါ့"
ဆတ်သားခြောက်မြည်းရင်း စစ်မင်းထက်ဟာ
ညီဇေကျော်ကို မေးလိုက်သည်။"ဟုတ်တယ်...မနေ့ညက ငါ့မိုတယ်မှာ
စုံတွဲနှစ်တွဲ ရန်ဖြစ်လို့ ပြဿနာ သွားရှင်းတာ
အဲ့ဒါနဲ့ မိုတယ်မှာဘဲ အိပ်လိုက်တယ်လေ၊
မနက်ရောက်တော့ မင်းပြန်လာမှာကို သတိရပြီး
ငါ flight နဲ့ ကလောကို အမြန်လာခဲ့တာဘဲ"(Motel ဆိုတာကတော့ Hotel အသေးစားလေးပါ)
"ဖြစ်ပုံကလည်းကွာ ရည်းစားရှိနေတဲ့ စော် နဲ့
ဖြစ်တာ၊ အဲ့စော်ကလည်း သူ့ဘဲကိုပစ်ပြီး
အဲ့ဒီဖြစ်နေတဲ့အကောင်နဲ့ မိုတယ်ကို လာတည်းတာ""ဟွန်း....."
ညီဇေကျော့်စကားကြောင့် စစ်မင်းထက်ဟာ
ခပ်ယဲ့ယဲ့ရယ်သည်။"ဒါနဲ့ မေသဲညို က
မင်းတို့အပန်းဖြေစံအိမ်ရောက်နေတယ်ဆို""အင်း ဟုတ်တယ်"
"မတွေ့သေးဘူးနော်"
"မင်းက ဘာလုပ်ဖို့ သူ့ကို ရှာနေတာလည်း"
"ဪ....လီးဘဲဟေ့! နှုတ်ဆက်မလို့ပေါ့ကွ!"
"ဟျောင့်...မင်း ဆက်မသောက်နဲ့တော့
ဇေကြီး...မင်းဟာက အရည်နည်းနည်းဝင်တာနဲ့
အောက်လုံးတွေ ထွက်လာပြီ""မင်း ဦးလေးဘဲ ကောင်းတယ်"
"ဟင်...ငါက ဘာဆိုင်လို့ပါလာတာတုန်း?"
VOCÊ ESTÁ LENDO
ကျွန်တော် ပိုင်သော ညို🤎
RomanceUnicode ကျနော်က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ ဆိုတဲ့ကောင်လေးဟာ ညိုချောလေးကိုမှ တကယ် အသည်းခိုက်မတတ် ချစ်မိသွားတဲ့ အခါမှာတော့.....? #ဆန်စက် ပိုင်ရှင် သူဌေးသားလေး❤️🤎 ZawGyi က်ေနာ္က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ... #ဆန...