"ကျွန်တော်ပိုင်သော ညို 🤎" (၂၆)

8.4K 287 14
                                    

Unicode & ZawGyi

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၆)

"ဆရာ ကျွန်မမြေးစစ်မင်းထက် အခြေအ‌နေက
ဘယ်လိုနေသေးလည်းရှင်?"

"ကျနော် drip တစ်လုံးချိတ်ပေးခဲ့ပါတယ်
မောင်စစ်မင်းထက် ကို အခုချိန်မှာ သေချာဂရုစိုက်ပေး‌လိုက်ပါ,သူ့ခန္ဓာကိုယ်က အဖျားကြီးပြီး သတိလစ်တာဆိုတော့ အခုတစ်လော
ရေမချိုးခိုင်းပါနဲ့ဦး,သောက်မယ့်ဆေးတွေလည်း ကျနော်ပေးထားခဲ့ပါတယ်"

"ကျေးဇူးတင်ပါတယ် ဆရာ"

"ဒါဆို ကျနော် သွားလိုက်ပါဦးမယ်"

"ဆရာ့ကို ပြန်လိုက်ပို့ပေးဖို့ မောင်သောင်းကို
ပြောထားပြီပါပြီ"

"ဟုတ်ကဲ့ဒါဆို သွားကြတာပေါ့"

"မောင်သောင်း...ဆရာ့ကို လိုက်ပို့လိုက်ပါဦး"

အခန်းထဲမှ ထွက်သွားတဲ့ဆရာနဲ့မောင်သောင်းစိန်
ကို ကြည့်ရင်းမှတစ်လှည့် ကုတင်ထက်တွင်
ဆေးပိုက်တန်းလန်းဖြင့် အိပ်ပျော်နေသည့်
မြေးဖြစ်သူကို ကြည့်ပြီး ဒေါ်စိန်မမ သက်ပြင်းချမိသည်။ ဒီကောင်လေးဟာ တစ်ခါမှ ဒီလို မဖြစ်ဖူးဘဲ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်သည်။

"သမီး မေသဲ...."

"ရှင် ဖွား...."

"သူ့အမေက ဘယ်သွားနေတာလည်း သိလား?"

"မေသဲ မသိပါဘူး ဖွား"

"ကျွန်မကို ပြောသွားတာတော့ မမလေးက
အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ ညနေမှ
ပြန်ရောက်မယ်လို့ ပြောပါတယ်"

အနားမှာရှိတဲ့ ကြီးသောင်းက ထဖြေသည်။

"ဟုတ်လား? ဘာကိစ္စလည်းဆိုတာကိုရော
ပြောသွားသေးလား?"

"အဲ့ဒါတော့ မပြောသွားပါဘူး မမကြီး"

"ဟင်း...."

ဖွားဟာ သက်ပြင်းတစ်ချက်ချလာပြီး
မေသဲဘက် ပြန်လှည့်လာသည်။

"ဒါဆိုလည်း သမီးမေသဲကဘဲ သမီးကိုကြီးကို
ကြည့်ပေးလိုက်ပါဦး"

"ဟုတ်ကဲ့ပါ ဖွား...မေသဲ ကိုကြီးကို စောင့်ရှောက်
ပေးလိုက်ပါ့မယ်"

ကျွန်‌တော် ပိုင်သော ညို🤎Nơi câu chuyện tồn tại. Hãy khám phá bây giờ