"ကျွန်တော်ပိုင်သော ညို 🤎" (၂၀)

11.9K 372 17
                                        

Unicode

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၀)

အသုပ်လေးပွဲကိုမှ ၁၂၀၀ ပေးပြီး ဝယ်လာကာ
အိမ်ငယ်လေးဆီရောက်မှ ထမင်းလက်စုံ
စားကြတဲ့ သောင်းနှစ်သောင်း လင်မယားနဲ့
ကလေးငယ်နှစ်ဦး။

"စားလို့ကောင်းလိုက်တာ ဘဘကြီးရာ"

ငရုတ်သီးမှုန့် ထည့်ထားတဲ့ အသုပ်ပွဲကိုမှ
တရှူးရှူးတရှဲရှဲ စားနေတဲ့ လပြည့်ဝန်းမ ကို
ကြည့်ပြီး တာရာဟာ အမြင်ကတ်ကတ်ဖြင့်
မျက်မှောင်ကျုံ့မိသည်။

စိတ်ထဲ၌လည်း ဒီလို သူဌေးသမီး အစုတ်ပလုတ်ကိုမှ သနားပြီး ချစ်နေကြတဲ့ ဘကြီးသောင်းတို့
လင်မယားနှစ်ယောက်ကိုလည်း တာရာ
နားမလည်နိုင်ပါ။

"နင် ဘယ်အချိန်ထိ ငါတို့ ဘကြီးသောင်းဆီမှာ
မနက်ပိုင်းတိုင်း လာကပ်စားနေမှာလည်း
လငမုတ်မ!"

တာရာဟာ ကလေးပီပီ စိတ်ဆိုးဆိုးဖြင့်
သူမကို မေးလိုက်လေသည်။

"ငါ့ဘဘကြီးဆီမှာ လာစားတာ ဘာဖြစ်လည်း
တာယာဘီးစုတ်"

အစပ်ရှိန်ကြောင့် ကျလာတဲ့ နှာရည်လေးကို
ကျောင်းစိမ်းဂါဝန် ဖြင့် သုတ်ရင်း ဖြေလာသည်။
တာရာဟာ သူမရဲ့ ထိုပုံစံကိုကြည့်ကာ
နှာခေါင်းရှုံ့လိုက်သည်။

"နင့်လို သူဌေးသမီးငမွဲက နေ့တိုင်း
ငါ့အိမ်မှာ လာလာစားတာကို နင့်အမေနဲ့
တိုင်ပြောပြမယ် လငမုတ်မ!"

"မကြောက်ပါ...ဘလက်...ဘလက်"

လျှာထုတ်မျက်နှာပြောင်ပြလာသည့်
လဝန်းလေးရဲ့ ပုံစံကြောင့် ဦးသောင်းစိန်နဲ့
ဒေါ်သောင်းရင်ဟာ ကြည့်ပြီး ပြုံးမိသည်။
ဒီကလေးနှစ်ယောက်ကြောင့် သူတို့မှာ
အပျင်းပြေရသည်။
ဒီကလေးနှစ်ယောက်က သွားအတူ လာအတူ
ဆိုပေမယ့်လည်း သိပ်တော့ မတည့်ချင်ကြ။

VVIP ထဲ ပြောင်းလာတာမကြာသေးတဲ့
လဝန်းလေးရဲ့ မိသားစုက ကျိကျိတက်
ချမ်းသာတဲ့ အသိုင်းအဝန်းကဆိုတာကို
ဦးသောင်းစိန်တို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ
သိရသည်။သို့ပေမယ့် ဒီလိုကျိကျိတက်
ချမ်းသာတဲ့ လဝန်းလေးတို့ မိသားစုကဂ
လဝန်းလေးကို သာမန်ကလေးတွေသာ
တက်နိုင်တဲ့ ‌အစိုးရကျောင်းမှာမှ ထားပေးသည်တဲ့လေ။ ဒါဖြင့် ပိုထူးဆန်းတာက ထိုကလေးမလေးကို ကျောင်းလိုက်ပို့မယ့်သူလည်း မရှိသလို
လာကြိုမယ့်သူလည်း မရှိတာကို ဦးသောင်းစိန်
ကောင်းကောင်းကြီးသိသည်။

ကျွန်‌တော် ပိုင်သော ညို🤎Where stories live. Discover now