Unicode
"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၁)
ကြေးအိုးပွဲလာချတာတောင် မလာသေးတဲ့
သူမကို စစ်မင်းထက် မျှော်နေမိသည်။
ကြေးအိုးအနံ့က စားချင်စဖွယ် ထောင်းထောင်းထနေတာကြောင့် သူဟာ ဗိုက်ဆာနေတာတောင်
အောင့်အီးသည်းခံနေပြီး သူမကို မျှော်နေမိသည်၊တစ်အောင့်ကြာတော့ သူနှစ်သက်ရတဲ့
အညိုရောင်နှုတ်ခမ်းလေးက ဘာကိုပွစိပွစိ
ပြောနေမှန်းမသိကာ သူ့အနားသို့ရောက်လာသည်။သူမမျက်နှာဟာ ဘာကို အလိုမကျဖြစ်နေမှန်း စစ်မင်းထက် မခန့်မှန်းမိပါ။"ဘာတွေ စူပုတ်နေတာလည်း"
မေသဲ အခုချိန်ထိ ပခုံးနာနေတာကြောင့်
ကိုကြီးအမေးကို မျက်နှာရှုံ့မဲ့စွာဖြင့် ခေါင်းခါပြမိသည်။ထို့နောက် မေသဲအရှေ့က ကြေးအိုးပွဲတွေဟာ စားချင်စဖွယ် အနံ့တထောင်းထောင်း
ထနေပြီး မေသဲရဲ့ အရသာအာရုံကို ဆွဲဆောင်နေသည်။မေသဲက ကြေးအိုးပွဲကို ကြည့်ပြီး
တံတွေးလေးတစ်ချက်မျိုချလိုက်သည်။
ထို့နောက် ကိုကြီးကို မော့ကြည့်ပြီး"ကိုကြီး ဖုန်းပါတယ်မလား?"
"ပါတယ်လေ...ဘာဖြစ်လို့လည်း"
"ဒါဆိုမေသဲကို ခဏလောက်ပေးပါလား"
"ဘာကိစ္စနဲ့ငါက မင်းကို ပေးရမှာလည်း"
ဆိုင်းမဆင့်ဘုံမဆင့် တောင်းလာတဲ့ သူမရဲ့
အမေးကြောင့် စစ်မင်းထက် ခပ်မာမာနှင့်
ပြောမိတော့ သူမလေးဟာ မျက်နှာမကောင်း
ဖြစ်သွားတာကြောင့်..."ဘာလုပ်မို့လည်း"
"ဘာမှမဟုတ်တော့ပါဘူး"
"ပြောပါ...ဘာလုပ်မို့လည်း"
သူမ ဘာကြောင့် သူ့ဖုန်းကိုတောင်းလည်း
သူ သိချင်သည်မို့ မေးမိတော့ သူမဟာ မဝံ့မရဲ
အကြည့်လေးဖြင့် သူ့ကိုကြည့်လာသည်။"ဟို...ဓာတ်ပုံရိုက်မလို့ပါ ကိုကြီး"
"ဟမ်?ဘယ်လို? ဓာတ်ပုံရိုက်မလို့ ဟုတ်လား"
ကိုကြီးရဲ့ တအံ့တဩအမေးကြောင့်
မေသဲ မဝံ့မရဲဖြင့်ခေါင်းလေးငြိမ့်ပြလိုက်သည်။
ŞİMDİ OKUDUĞUN
ကျွန်တော် ပိုင်သော ညို🤎
RomantizmUnicode ကျနော်က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ ဆိုတဲ့ကောင်လေးဟာ ညိုချောလေးကိုမှ တကယ် အသည်းခိုက်မတတ် ချစ်မိသွားတဲ့ အခါမှာတော့.....? #ဆန်စက် ပိုင်ရှင် သူဌေးသားလေး❤️🤎 ZawGyi က်ေနာ္က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ... #ဆန...