ကျွန်တော် ပိုင်သော ညို ❤️(၁)

45.8K 614 9
                                    

Unicode and Zawgyi

ကျွန်တော် ပိုင်သော ညို...အပိုင်း (1)

"ငါဘာပြောနေလည်း မေသဲညို
ငါ့အတွက် နင့်အမေဆီမှာအရက်ဖိုးသွားရှာလာခဲ့လို့
ပြောနေတယ်မလား !!"

အရက်မသောက်ရလို့ မျက်ထောင့်နီကြီးနဲ့
သူမကို သူမ၏ ‌ဖအေဖြစ်သူက
စိုက်ကြည့်နေတာကြောင့်
သူမ ကြောက်ဒူးတုန်လာခဲ့သည်။

"သွားစမ်း!!! ခွမ်း!! ကလွမ်း!!"

ခွမ်း ကလွမ်း ပစ်ပေါက်သံနဲ့အတူ
ထရံအနားကို ကြောက်ကြောက်လန့်လန့်
ထောင့်ကပ်နေတဲ့
မိန်းကလေးငယ် တစ်ဦး.....။

"ငါနင့်ကို ဘာပြောနေလည်း ဟမ်!"

ဟိန်းဟောက်သံနဲ့အတူ
ဖခင်ဟု သတ်မှတ်ရသော
အမူးသမားဟာ ထရံအနား ထောင့်ကပ်နေတဲ့
မိန်းမငယ်လေးကို ပိတ်ဟောက်လိုက်သည်။

"ဖေကြီး....ဟင့်...ဟင့်"

"ဒီကိုလာခဲ့စမ်း ကောင်မ!"

ဝုန်းခနဲ ပုဆိုးကို ဖြစ်သလို
ဝတ်ပြီး ထလာတဲ့ သူမ ဖအေကြောင့်
သူမထောင့်ကပ်နေရကနေ လွတ်ရာလွတ်ငြား
ပြေးဖို့ကြံရွယ်လိုက်ပေမယ့်
ဆံပင်ကို အနောက်ဘက်မှ
ယောကျာ်းအားနဲ့ ဆောင့်ဆွဲခံလိုက်ရခြင်းနဲ့အတူ
သူမရဲ့ ခန္ဓာကိုယ်လေးဟာ ယိုင်နဲ့သွားရသည်။

"ဖေကြီး...မေသဲ နာတယ်...အီးဟီး....!!!
မေသဲ နာတယ် ဖေကြီး....မေသဲဆံပင်ကို
လွှတ်ပေးပါ ဖေကြီး...မေသဲနာနေနေပြီလို့
ဖေကြီး...အီးဟီး!!!!"

"ဟဲ့ မောင်နေအေး မင်း
ကိုယ့်သမီးကို ဘယ်လိုတွေလုပ်နေတာတုန်း!!"

ထဘီမပြီး အိမ်‌ပေါ်တက်လာတဲ့
ဘေးအိမ်က အန်တီကြီး မမိုးကြောင့်
သူမ ကူကယ်ရာတွေ့သွားသလို
မျက်ဝန်းထဲမှ မျက်ရည်ကြည်လေးတွေ လဲ့သွားခဲ့ရသည်။

"မောင်နေအေး...မင်း မေသဲညိုလေးရဲ့
ဆံပင်ကို အခုချက်ချင်း လွှတ်လိုက်စမ်း!!"

"ခင်‌ဗျားဆောက်အပူတစ်ပြားမှမပါဘူး
မမိုး! ကျူပ်သမီး အပိုးမကျိုးလို့ ကျုပ်ဆုံးမနေတာ!"

"အေး ကောင်းပြီ !မင်းအရက်ကြောင်တိုင်း
ကလေးမ ကို ဒီလို နှိပ်စက်ရသလား!ဟမ်!"

ကျွန်‌တော် ပိုင်သော ညို🤎Donde viven las historias. Descúbrelo ahora