"ကျွန်တော် ပိုင်သော ညို❤️"(၅)

10.7K 353 8
                                    

Unicode

"ကျွန်တော် ပိုင်သော ညို....❤️"
အပိုင်း(၅)

"ညို....နင်ကျောင်းမသွားသေးဘူးလား?"

"အခုဘဲ သွားတော့မှာလေ....
ဒီမှာ အင်္ကျီတောင်လဲပြီးသွားပြီ...."

မေသဲဟာ ကျောင်းစိမ်းဂါဝန်လေးကို
ခေါင်းငုံ့ကာဖုန်ခါရင်း ပြောလိုက်သည်။
နေစွမ်းကို မော့ကြည့်လိုက်တော့

"ဟယ်...စွမ်းလေး..."

ကျောင်းစိမ်းဘောင်းဘီရှည်လေးနဲ့
အဖြူရောင်အင်္ကျီရှည်လေးကို
တံတောင်ဆစ်နားထိ ခေါက်တင်ကာ
ဝတ်ဆင်ထားတဲ့ နေစွမ်းလေးဟာ
ကျောင်းစိမ်းအသစ်လေးကြောင့်
သန့်ပြန့်ကာ နဂိုကတည်းကမှ
မေသဲ လို မဟုတ်ဘဲ ဖြူနေတဲ့
အသားအရည်ကြောင့် ပိုကြည့်ကောင်းနေသည်။

"ငါ့ကို ကြီးသောင်းက ကျောင်းစိမ်းအင်္ကျီ
ဝယ်ပေးထားတာ....
ငါနဲ့တော်မတော် နင့်ကို အရင်ဆုံး
လာပြတာ ညို...."

"နင်နဲ့ကျောင်းစိမ်းလေးနဲ့ လိုက်တယ်
စွမ်းလေး...."

"နင် ကျောင်းသွားတော့လေ....
နောက်ကျနေဦးမယ်...."

"ငါ့ကျောင်းချိန်က ၇နာရီမှ တက်မှာလေ....
အခုမှ ၆ ခွဲဘဲရှိသေးတယ်...."

"ကျောင်းကိုလမ်းလျှောက်ရမှာ ဝေးတယ်မလား
သွားတော့..."

"အဲ့ဒါဆိုလည်း ပြီးရော....
နင်ကျောင်းမသွားခင် တာရာလေးနားမှာလည်း
နေဦး...."

"ကြီးသောင်းနဲ့ဘကြီးသောင်းက
နင်နဲ့ငါ မရှ်ိလည်း တာရာလေးကို
ကြည့်ပေးမယ်တဲ့ ပြောထားတယ်...."

မေသဲတို့ကို အစစအရာရာ ကူညီပေး‌နေတဲ့
ဘကြီး‌သောင်းနဲ့ကြီးသောင်းရဲ့ အကူအညီတွေ
ဖွားဒေါ်စိန်မမ တို့ရဲ့ အကူအညီတွေကို
မေသဲ ဒီတစ်သက် မမေ့ပါဘူး....။

မေသဲ လုပ်နိုင်သလောက် အိမ်မှုကိစ္စတွေကို
ဝိုင်းကူ လုပ်ပေးကာ တစ်ဖက်တစ်လမ်းမှ
စာလည်းကြိုးစားပြီး ကူညီမယ်လို့ သန္တိတ်ဌာန်
ချထားသည်။

"ဒါဆို ငါသွားပြီနော်...."

"အင်း...သွားတော့"

မေသဲ ကျောင်းလွယ်အိတ်လွယ်ကာ
ထွက်လာတော့ အိမ်ရှေ့မှာ ရပ်ထားတဲ့
ဘကြီးသောင်းဟာ ကားထဲကနေ မေသဲကို
လှမ်းခေါ်နေလို့ မေသဲ ခပ်သုတ်သုတ်လေး
ပြေးသွားလိုက်ရသည်။

ကျွန်‌တော် ပိုင်သော ညို🤎Où les histoires vivent. Découvrez maintenant