"ကျွန်တော်ပိုင်သော ညို 🤎" (၁၄)

8.6K 319 61
                                    

Unicode

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၁၄)

"မေသဲလေးရော သမီးဦးသော် ပြောသလိုဘဲ
ဒီမှာနေချင်လား?"

ဖွားကိုယ်တိုင် မေးလာသည်မို့ မေသဲ ခေါင်းငုံ့ကာ
ဝမ်းနည်းနေရင်းမှ ဦးသော်ရဲ့ အကြည့်ကို ရှောင်ကာ ဖွားကို တည့်တည့်ကြည့်ရင်း ပြောလိုက်သည်။

" အမှန်တိုင်း ပြောရရင် အိမ်ကြီးမှာ
နေဖို့ ဆန္ဒ မရှိပါဘူး ဖွား"

ဒေါ်စိန်မမ ဟာ သူမလေးရဲ့ အဖြေကြောင့်
မျက်နှာ အနည်းငယ် ပျက်သွားရသည်။

"ဘာလို့မနေချင်တာတုန်း မြေးက"

"မေသဲ...မေသဲ မောင်လေးတွေနဲ့ နေရတာ
အဆင်ပြေလို့ပါ ဖွား"

"သမီးက အဆင်ပြေပေမယ့် နေစွမ်းမဟာလေးနဲ့
တာရာလင်းညိုလေးက အဆင်ပြေပါ့မလား?"

"သူတို့နှစ်ယောက်လည်း မေသဲလို နေရတာ
ထိုင်ရတာ အဆင်ပြေပါတယ် ဖွား"

"တကယ်ဆို အိမ်ငယ်လေးက လူနှစ်ယောက်လောက်ဘဲ နေဖို့ သင့်တော်တယ်ဆိုတာ
ဖွား သိတယ်...၊ အရင်ကလည်း ဒီလိုမျိုးကြို
တွေးဖူးတယ်...၊ တစ်ချိန်ကျရင် သမီးတို့ ‌မောင်နှမသုံးယောက်ထဲက တစ်ယောက် က ဘယ်သူက အိမ်ကြီးဆီမှာ လာနေရမယ်ဆိုတာ ဖွားကိုယ်တိုင် ရွေးချယ်ထားပြီးသား"

"အမေ့! အမေ ဘယ်လိုပြောလိုက်တာလည်း!"

သမီးဖြစ်သူ တင့်တင့်ရီမှ ထပြောတာကြောင့်
ဒေါ်စိန်မမ ဟာ "နေ" ဆိုပြီး လက်ခါ ပြလိုက်သည်။

"ညည်း ပါးစပ်ပိတ်နေစမ်း တင့်တင့်ရီ!
ဒီအိမ်မှာ ငါလူကြီး! ငါ့အမိန့်ကို အားလုံးနာခံရမယ်!"

ဖွားက ဒေါနဲ့မာန်နဲ့ ပြောလာတာကြောင့်
မေသဲ ကိုယ်တိုင်လည်း ရင်တုန်ကာ
ကြောက်နေမိသည်။

"သရေပေါ်အိပ် သရေနားစား ဆိုတာ
ဌက်ကလေးတွေဘဲ ကောင်းတယ် ‌သမီး၊
သမီးက တကယ်ဆို အပျိုလေး ဖြစ်နေပြီ
သမီးမောင်လေးတွေနဲ့ ခွဲနေသင့်ပြီလို့လည်း
ဖွား ကထင်တယ်"

"ရှင်...."

ဖွား ပြောလာမယ့် စကားကို အခုလောက်ဆို
သူမ ခန့်မှန်းမိလိုက်ပါပြီ။ သူမ အိမ်ကြီးမှာ
နေရတော့မယ်ဆိုတာကို သူမ သိလိုက်ပါပြီ။

ကျွန်‌တော် ပိုင်သော ညို🤎Nơi câu chuyện tồn tại. Hãy khám phá bây giờ