"ကျွန်တော် ပိုင်သော ညို❤️"(၇)

13.8K 408 24
                                        

Unicode

"ကျွန်တော် ပိုင်သော ညို....❤️"
အပိုင်း(၇)

အိမ်ရှေ့မှာ ရောက်ချလာတဲ့
ကားတစ်စီးကြောင့် စစ်မင်းထက်
ဘယ်သူဆိုတာကို သိပြီးသားပါ။

သန့်ပြန့်နေတဲ့ ကားအဖြူရောင်ထဲမှ
‌လက်ဂေ့ဂ်ျအိတ်ကိုကိုင်ပြီး
အင်္ကျီအဖြူ ဘောင်းဘီရှည်အနက်ဖြင့်
ထွက်လာသူကတော့
သူ့ဦးလေးသော်မင်းဆက် ဆိုသူပင်။

ကလောမှာ ၃ နှစ် ၃မိုးသွားနေတဲ့
စစ်မင်းထက်ရဲ့ဦးလေးဖြစ်သူ သော်မင်းဆက်၊
‌ဖွားဒေါ်စိန်မမရဲ့ သား၊
ဖွားဟာ သူကိုယ်တိုင် သူ့သားကိုထွက်ကြိုသည်။

"အမေ...."

သော်မင်းဆက် ဟာ အိမ်ပြန်ရောက်ရောက်ချင်း
သူ၏ အမေဖြစ်သူ ဒေါ်စိန်မမကိုနှုတ်ဆက်လိုက်သည်။

"စစ်မင်းထက်ရေ....ဒီမှာ မင်းဦးလေးအထုပ်တွေ
လာသယ်ပေးဦး...."

ဖွားရဲ့ အသံကြောင့် ဧည့်ခန်းထဲမှာ TV ကြည့်နေတဲ့
စစ်မင်းထက်ဟာ မထချင် ထချင်ဖြင့် ထလာခဲ့ရသည်။

"ဟာ....တူကြီး...."

စစ်မင်းထက်ကို မြင်မြင်ချင်း
သော်မင်းဆက်ဆိုသည့် သူ့ဦးလေးဟာ
စစ်မင်းထက်ကို ပခုံးကနေ ကိုင်ပြီး လှမ်းဖက်သည်။

"ငါ့တူကြီးက ထွားလာလိုက်တာ....."

စစ်မင်းထက်ရဲ့ ခန္ဓာကိုယ်ကို အစအဆုံးကြည့်ပြီး
သော်မင်းဆက် ပြောမိသည်။

"မျက်နှာကြီးက ဘာဖြစ်နေတာတုန်းကွ?"

"ဘာမှ မဖြစ်ပါဘူး...."

ခေါင်းကုပ်ပြီး ပြောလာတဲ့ စစ်မင်းထက်ရဲ့
မျက်နှာဟာ ရှုံ့မဲ့နေခဲ့သည်။
ဒါကို ခံစားမိတဲ့ ဦးလေးဖြစ်သူ သော်မင်းဆက်က...

"ဘာလည်း ငါပြန်လာတာ မကြိုက်တာလား မင်းက?"

"ဟုတ်တယ်....မကြိုက်ဘူး"

ဆူပုတ်ပုတ် ပြောလာတဲ့ စစ်မင်းထက်ရဲ့
မျက်နှာဘေးကြောင့် သော်မင်းဆက် ဟာ
တဟားဟား ရယ်မိသည်။

"ဟားဟားဟား...မင်းကလေ....
တကယ့်ကောင်ဘဲ သိလား?
ငါပြန်လာရင် မင်း အရင်ကထက်
ဆယ်ဆ ပိုပြီး စာလုပ်ရတော့မှာလေ....
စာနဲ့ ပတ်သက်လာရင်တော့ ငါက
အစ်ကိုတစ်ယောက်မဟုတ်ဘဲ ဦးလေးတစ်ယောက်ရဲ့
ဂုဏ်ကို ပြမှာပေါ့....
စာမရရင်တော့ ငါက အပြစ်ပေးမှာဘဲ...."

ကျွန်‌တော် ပိုင်သော ညို🤎Место, где живут истории. Откройте их для себя