"ကျွန်တော်ပိုင်သော ညို 🤎" (၃၁)

13.4K 366 13
                                        

Unicode & ZawGyi

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၃၁)

မြွေဟုဆိုတာနဲ့ လန့်နေတဲ့ သူမကိုကြည့်ရင်း
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ
သူဟာလျင်လျင်မြန်မြန်ပင် အိမ်ငယ်လေးရဲ့ တံခါးကို ဖွင့်လိုက်ချိန်....

အိမ်ရှေ့ မျက်နှာစာမှာ စာလုပ်နေတဲ့
တာရာ မှလွဲ၍ အခြားဘယ်သူမှရှိမနေ။

"ဘာဖြစ်လို့လည်းဟင်..."

တာရာ က သူ့ကို မေးလာသည်။
ဘာမှမဟုတ်ဘူးလို့ ခေါင်းခါပြလိုက်ကာ
ညိုလေးကို ပြန်လှည့်ကြည့်တော့...

"ညိုလေး...ကိုယ်....??"

ညိုလေးဟာ သူ့ကို လက်ပိုက်ကာ
စိတ်ဆိုးသည့်ပုံဖြင့် ကြည့်လာသည်။
သူမကို သူ စလိုက်တာ လွန်သွားပုံရသည်။

"ဟာ...ခဏ! ခဏနေဦးလေ"

ချာခနဲ လှည့်ထွက်သွားတဲ့ သူမ နောက်ကို
သူအမှီလိုက်ရင်း...

"ညိုလေး....ကိုယ်တောင်းပန်ပါတယ်ကွာ"

ညိုလေးဟာ အိမ်ကြီးဆီ လမ်းလျှောက်မြဲ
လျှောက်နေဆဲ။

"ညိုလေး....ကိုယ်ပြောတာ ကြားလား?"

ညိုလေးက အရပ်ပုသလောက်
လမ်းလျှောက်နှေးမယ်လို့ ထင်ခဲ့တာ
တကယ်တမ်း သူမ စိတ်တိုလာရင်
လမ်းလျှောက်မြန်သည်ဆိုတာကို
သူအခု သိတော့သည်။ အရပ် ၅ ပေ၉
ဆိုတဲ့ သူတောင် အမှီလိုက်နေရသည်မလား?
သူမ အရပ်က အလွန်ဆုံးရှိမှ ၅ ပေ ၄ လေ။

"ညိုလေး..."

စစ်မင်းထက်ဟာ သူမလက်လေးကို
ကိုင်ဆွဲပြီးခေါ်တော့ သူမဟာ သူ့လက်ကို
ပုတ်ထုတ်သည်။

"မသိဘူး! သွား!"

"ညိုလေးက အသည်းအသန်နဲ့ မဝင်ခိုင်းတော့
ကိုယ်က ဘာများရှိလည်း သိချင်လို့ ကြံမိကြံရာ
ကြံမိတာပါ ညိုလေးရာ..."

"ဪ...ဟော်...ကြံမိကြံရာပေါ့လေ ဟုတ်လား!"

ညိုလေးဟာ လမ်းလျှောက်နေရင်းမှ
ခါးထောက်ပြီးသူ့ဘက်ကိုလှည့်ကာဆိုလာသည်။

မေသဲတကယ်တမ်းလည်း ကိုကြီးကို
ထိုကိစ္စနဲ့ပတ်သတ်ပြီး စိတ်ဆိုးမိပေမယ့်
ကြီးသောင်းက ဖုန်းလှမ်းဆက်ပြီး
ကိုကြီး အိမ်ငယ်လေးဆီ လာမယ်ဆိုလို့
နေစွမ်းကို အမြန်ပုန်းခိုင်းရသည်။
နေစွမ်းဟာ အန်တီ့ရဲ့သားတစ်ယောက်ဆိုတာကို
ဘကြီးသောင်း ပြောပြထားလို့ သိပြီးပြီဖြစ်သလို
မနက်တုန်းကလည်း နေစွမ်းအိမ်ကို ရောက်နေတဲ့
ကိစ္စအား ကြီးသောင်းကိုပါ ပြောပြထားတာကြောင့် တော်သေးသည်ဟု ဆိုရပေမည်။

ကျွန်‌တော် ပိုင်သော ညို🤎Место, где живут истории. Откройте их для себя