"ကျွန်တော် ပိုင်သော ညို❤️"(၁၀)

14.3K 409 17
                                        

Unicode and Zawgyi

"ကျွန်တော် ပိုင်သော ညို❤️"
အပိုင်း(၁၀)

ကျောင်းမှာ ဒီနေ့ စာသင်ရတာ မေသဲ သိပ်စိတ်မပါပေ။
ကားပေါ်မှာ ပြောခဲ့တဲ့ ကိုကြီးရဲ့
စကားများကိုသာ
မေသဲ ပြန်ကြားနေမိသည်။
အထူးသဖြင့် မေသဲကို မုန်းတယ်ဆိုတဲ့စကားကို
မေသဲ နားထဲ တဝဲလည်လည် ကြားယောင်နေမိသည်။
ကိုကြီးက အိမ်ရဲ့ အဓိကလူမို့ မေသဲကို ထိုကိစ္စနဲ့
ပတ်သတ်ပြီး တစ်ခုခု စိတ်ခုသွားမှာကို
မေသဲ အင်မတန် ကြောက်မိသည်။

"မေသဲ...ဒီနေ့ နင့် ကြည့်ရတာ ဘာဖြစ်နေတာလည်း?"

Bio နောက်ဆုံးချိန်ဖြစ်တာကြောင့်
Bio ဆရာမ မလာသေးခင် မေသဲ ဟာ
ယုန်ပုံဆွဲလေ့ကျင့်နေရင်းမှ မေသဲ သူငယ်ချင်း
'မီမီကို' မေးလာခြင်းဖြစ်သည်။

"ဟင်...ငါဘာမှ မဖြစ်ပါဘူးဟာ"

"ဘာမှမဖြစ်ပါဘူးလို့ ပြောလာတဲ့လေသံကလည်း
အားမရှိလိုက်တာ...."

မီမီကို ဟာ မေသဲကို လက်ပိုက်ခေါင်းခါလျက်ကြည့်ပြီး
ပြောလာသည်။

"တစ်ခုခုဖြစ်နေတာ အသိသာကြီး....၊
ပြောစမ်းပါဟာ....ဘာဖြစ်နေတာလည်း"

မျက်ခုံးတစ်ဖက်ပင့်ပြီး ပြောလာတဲ့ 'မီမီကို'ဟာ
သူမ သိချင်တာကို မရရအောင်မေးသည့်
ကောင်မလေးပင်။

မေသဲ ပုံဆွဲစာအုပ်မှာ ဆွဲလက်စ ခဲတံလေးကို
စားပွဲပေါ်ချလိုက်ပြီး....

"ကိုကြီးစစ်မင်းထက်က ငါ့ကို မုန်းတယ်တဲ့"

"ဟင်! ဘယ်လို ဘယ်လို!"

မီမီကိုဟာ အနီးနားမှာ ရှိတဲ့ တစ်ယောက်ထိုင်
သစ်သားထိုင်ခုံကို ဆွဲယူလိုက်ပြီး မေသဲ အနား
လာထိုင်သည်။

"သူက နင့်ကို ဘာလို့ ‌မုန်းတာလည်း?"

"မမသန္တာချိုနဲ့ ကိုကြီးနဲ့ ပြတ်သွားတာ
ငါ့ကြောင့်ဆိုပြီးတော့ ငါ့ကိုသူက မုန်းတယ်လို့
ပြောတယ်"

"ဘယ်လို နင့်ကြောင့်? ဟုတ်လား?"

"အင်း...ဟုတ်တယ်"

"နင်ကဘာလုပ်လိုက်လို့ သူတို့နှစ်ယောက်က
ပြတ်သွားရတာလည်း?"

ကျွန်‌တော် ပိုင်သော ညို🤎Место, где живут истории. Откройте их для себя