Unicode
"ကျွန်တော် ပိုင်သော ညို....❤️"
အပိုင်း(၃)
"ကွယ်လွန်သူ ဒေါ်မြစန်းရီနှင့်တကွ
အားလုံး ကြားကြားသမျှ အမျှ...အမျှ..အမျှ...
ယူတော် မူကြပါကုန်လော့...သာဓု..သာဓု..သာဓု" ³!
တရားနာပြီး၍ အမျှဝေသံ အဆုံးမှာတော့
တာရာလေးကို ချီပိုးထားလျက်
ရေစက်ခွက်ထဲသို့ ရေစက်လောင်းထည့်နေတဲ့
မေသဲဟာမျက်ရည်များ ပေါက်ခနဲ ပေါက်ခနဲ
ကျဆင်းနေသည်။
တာရာလေး နှစ်နှစ်ပြည့်တဲ့ နေ့မှာ
ကွယ်လွန်သွားပြီဖြစ်တဲ့ မေမေ့ကို
တရားနာနိုင်ရန် အမျှဝေ ကုသိုလ်ကောင်းမှု
လုပ်ပေးနေရသည်။
နို့မပြတ်သေးတဲ့ တာရာလေးဟာ
လူတွေအားလုံး အမျှဝေနေတဲ့အချိန်မှာ
ငိုကြွေးနေသည်။
နေစွမ်းလေးကတော့ အဖေဖြစ်သူကို
စိတ်နာလို့ အိမ်နောက်ဖေးမှာ သွားထိုင်နေသည်။
သူမတို့ရဲ့အဖေ ဦးနေအေးကို
အမှုဖြစ်တဲ့ညမှာဘဲ ရဲက လာဖမ်းသွားသည်။
မေသဲ တို့ မေမေ့ရဲ့ရက်လည်
လုပ်ပြီးသွားတဲ့နောက်မှာတော့
မေသဲတို့အိမ်ကြီးဟာ အရင်လို
အော်ဟစ်ဆူညံခြင်းမရှိဘဲ
ခြောက်ကပ်နေကာ တိတ်ဆိတ်သွားခဲ့တော့သည်။
ဘေးအိမ်က အန်တီမမိုးက အမှုကိစ္စရဲ့
သက်သေတစ်ယောက်အဖြစ် တရားရုံးမှာ
ထွတ်ဆိုခဲ့ကာ သူမတို့ရဲ့ အဖေ ဦးနေအေးကို
တရားသူကြီးမှထောင်ဒဏ် ၈ နှစ်
ချမှတ်လိုက်တယ်ဟု ရပ်ကွက်က
လူတော်တော်များများက ပြောကြသည်။
မေသဲတို့မောင်နှမတွေ ရှေ့ဆက်
ဘယ်လိုလုပ်စားရမှန်း မေသဲ မသိတော့ပါ။
မေသဲဟာ အိမ်ရှေ့က ကြမ်းပြင်ပေါ်မှာ
ထိုင်နေရင်း ထရံပေါ်မှာ ဘောင်ကွပ်ကာ
ရိုက်ထားတဲ့ ကွယ်လွန်သူ မေမေ့ဓာတ်ပုံကို
ကြည့်နေသည်။
မေသဲ မေ့မေ့ကို ကတိမပေးနိုင်တော့ဘူးထင်ပါတယ်။
မေသဲ ပညာရေးက မေမေ မရှ်ိတော့တာနဲ့
ဒုက္ခစရောက်ပြီလေ....။
မေမေရှိစဉ်က မေမေက မေသဲကို
ပညာတတ်ကြီး တစ်ယောက် ဖြစ်စေချင်တာ...။
အခုတော့ ဒီကတိက မတည်နိုင်တော့ပါဘူးလေ...။
VOCÊ ESTÁ LENDO
ကျွန်တော် ပိုင်သော ညို🤎
RomanceUnicode ကျနော်က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ ဆိုတဲ့ကောင်လေးဟာ ညိုချောလေးကိုမှ တကယ် အသည်းခိုက်မတတ် ချစ်မိသွားတဲ့ အခါမှာတော့.....? #ဆန်စက် ပိုင်ရှင် သူဌေးသားလေး❤️🤎 ZawGyi က်ေနာ္က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ... #ဆန...
