🔞🔞"ကျွန်တော်ပိုင်သော ညို " (၂၇)

19.2K 371 13
                                    

Unicode & ZawGyi

ဤအပိုင်းသည် ၁၈ ယောက်ပေါင်းပြီး
ဖတ်ရမည့်အပိုင်းဖြစ်ပါသည်။💣🔞

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၇)

ပြတင်းပေါက်အပြင်ကို ငေးကြည့်ရင်း
‌သူ၏အစီီအစဉ်အောင်မြင်နေလို့ ပြုံးပျော်နေသူ
တစ်ဦးရှိသည်။ဆေးလိပ်တိုကို နှုတ်ခမ်းဝတွင်
မီးခဲထားပြီး တစ်စုံတစ်ဦးအလာကိုလည်း
မျှော်နေသေးသည်။

"ဆရာ! အလောင်းကို အခုချိန်ထိ ရှာ‌မတွေ့ဘူးလို့ သတင်းရပါတယ်"

"‌အဟွန်း...ကောင်းတယ်"

သူဟာ ဦးအောင်ကျော်ဟိန်းပင်ဖြစ်သည်။

"မင်းကိုယ်တိုင် သူတို့ကားကို ကားဘီးဖောက်ဖို့
သေချာညွှန်ကြားခဲ့တာဆိုတော့ အပြင်ကို အဲ့ဒီ့သတင်းပေါက်မကြားစေရဘူးဆိုတာ
သိတယ်မလား?"

"စိတ်ချပါဆရာ! ကျနော် သေချာညွှန်ကြားခဲ့တာမို့ မတော်တဆကားဘီးပေါက်တယ်လို့ သိထားကြတာပါ"

"ဟားဟား!!! အခုချိန်လောက်ဆို သူတို့
တစ်မိသားစုလုံး ပူဆွေးသောက ရောက်နေရှာပြီပေါ့,အဟက်! တစ်ခုဘဲကျန်တော့တယ်
ငါတစ်ချိန်က ပိုင်ဆိုင်ရမယ့် ငွေတွေကို
အချိန်မီ လာတားတဲ့ တင့်တင့်ရီဆိုတဲ့ မိန်းမဆီက ငါ့ငွေတွေကို အတိုးနဲ့ ပြန်သိမ်းဖို့ဘဲ!
အဲ့ဒီ့အတိုးက အဲ့မိန်းမဆီက ပိုင်ဆိုင်သမျှ
အရာအားလုံးဘဲ! အခုဆိုရင် သူ့ရဲ့ ဆန်စက်ရုံ
တိုင်းမှာ သူသိပ်ကို အားကိုးရတဲ့ သူ့ရဲ့မောင်
မရှ်ိတော့ဘူးဆိုတာကို ငါသိပ်ဝမ်းသာတယ်!!!
ဟားဟား!! ဟားဟား!!! ဟားဟား!!"

အခန်းအပြင်ဘက်ကနေ ‌နားထောင်နေတဲ့
သန္တာချိုကတော့ အဖေဖြစ်သူရဲ့ မထင်မှတ်ထားတဲ့ လုပ်ရပ်ကြောင့် အံ့ဩတုန်လှုပ်လွန်းလို့
ကိုယ့်နှုတ်ကိုကိုယ့်လက်ဖြင့် ပြန်ပိတ်မိသည်။
အဖေစကားပြောပုံအရဆိုရင် အဖေဟာ
ကိုကြီးသော်မင်းဆက် သွားမယ့်ကလောမြို့ကို
မရောက်ခင် ကားဘီးဖောက်ထားခိုင်းခဲ့တာပေါ့?
ဒါဟာ သွေးရိုးသားရိုးမဖြစ်နိုင်ပါလို့ သူမ
ထင်ခဲ့တာ မှန်သည်။ ကလောဆန်စက်ရုံ
မှာအရေးကြီးကိစ္စပေါ်လာအောင် လုပ်တာလည်း
သူမ အဖေ လုပ်တာဘဲနေမည်။ ဒါဆိုရင်
အဖေက စစ်ကိုပါ ဖြေရှင်းဖို့ လုပ်နေတာ‌ဆိုရင်
သူမ ကိုယ်တိုင် စစ်ကို ကယ်တင်နိုင်မယ့်
နည်းလမ်း ရှာမှရတော့မည်။

ကျွန်‌တော် ပိုင်သော ညို🤎Nơi câu chuyện tồn tại. Hãy khám phá bây giờ