UNICODE & ZAWGYI
"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၈)
ပြောင်းလဲသွားတဲ့ မနက်ခင်းတစ်ခုရဲ့အစမှာ
စစ်မင်းထက် နိုးလာတော့ သူ့ရဲ့နံဘေးမှာ
ညိုလေး ရှိမနေပါ။စစ်မင်းထက်ဟာ ကုတင်ပေါ်
လဲလျောင်း အိပ်စက်နေရင်းမှ အမြန်ကုန်းရုန်း
ထလိုက်ပြီး အနီးနားမှာ ရှိတဲ့ တဘက်တစ်ထည်ကို ကောက်စွတ်လိုက်သည်။ပြီးမှ အဝတ်အစားအမြန်လဲကာ အခန်းပြင်သို့ ထွက်လာခဲ့ပြီး
အိမ်အောက်ထပ်ကို လျင်လျင်မြန်မြန်ဆင်းကာ
သူမ ရှိနေကျ မီးဖိုချောင်ထဲသို့ သူဝင်လာခဲ့တော့
သူထင်တဲ့ အတိုင်းပင် သူမဟာ အမေစားဖို့အတွက် မနက်စာ ပြင်ဆင်ပေးနေတာဖြစ်သည်။
"သား...မနေ့ညက စာရင်းတွေလုပ်ရတာ
ညည့်နက်သွားလို့ နောက်ကျမှ နိုးတာလား?"
"ဟုတ်တယ် အမေ; သားညည့်နက်သွားလို့ပါ"ဟု
ပြောရင်း စစ်မင်းထက်ဟာစားဝိုင်းကထိုင်ခုံမှာဝင်ထိုင်ရင်း သူမကို မသိမသာလှမ်းရှိုးသည်။သူမဟာသူ့ကိုမျက်နှာချင်းတောင်မဆိုင်ဘဲ
လုပ်စရာရှိတာသာ လုပ်နေသည်။
"ဒါနဲ့အမေကရော မနက်စာကို ဘာလို့ဒီအချိန်မှ
စားဖြစ်သွားတာလည်း?"
ဒေါ်တင့်တင့်ရီဟာ သောက်လက်စ ကော်ဖီခွက်ကို စားဝိုင်းပေါ်သို့ ပြန်တင်လိုက်ပြီး သားဖြစ်သူကိုမျက်နှာချင်းဆိုင်ကြည့်ကာ...
"မင်းဖွားအေကို ငါ့မှာပြုစုနေရတယ်လေ;
မေသဲညိုလေးက ဆေးတစ်လုံးတိုက်လိုက်တော့မှ အိပ်ပျော်သွားတာ၊ အဲ့ဒါမင်းဖွားအေ အိပ်နေတုန်း ငါမနက်စာလာစားတာ"
"ဪ...;ဒါနဲ့ ညိုလေး! မင်းရောစားပြီးပြီလား?"
ကိုကြီးရဲ့ အခေါ်အဝေါ်ကြောင့် သူမခပ်လန့်လန့်ဖြစ်ကာ အန်တီ့ကိုမခို့တရို့ကြည့်မိတော့ အန်တီဟာ မေသဲနဲ့ကိုကြီးကို အကဲခတ်နေသည်။
"ဟို...မစားရသေးပါဘူးကိုကြီး"
"ဒါဆို ကိုယ်တို့နဲ့တစ်ခါတည်းဝင်စားလိုက်လေ"
"ရ..ရပါတယ် ကိုကြီး; မေသဲ နောက်မှဘဲ
စားလိုက်ပါ့မယ်"
"ဟာ...တစ်ခါတည်းလာစားပါဆို!
ရုပ်က သွေးမရှိတဲ့ရုပ်နဲ့ ပြီးတော့ မနေ့ညက
မင်းအရမ်းပင်ပန်းထားတယ်မလား "
ВЫ ЧИТАЕТЕ
ကျွန်တော် ပိုင်သော ညို🤎
Любовные романыUnicode ကျနော်က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ ဆိုတဲ့ကောင်လေးဟာ ညိုချောလေးကိုမှ တကယ် အသည်းခိုက်မတတ် ချစ်မိသွားတဲ့ အခါမှာတော့.....? #ဆန်စက် ပိုင်ရှင် သူဌေးသားလေး❤️🤎 ZawGyi က်ေနာ္က အသားဖြူဖြူဖွေးဖွေးလေးကိုမှ Love တာ အမေမှ မသိဘဲ... #ဆန...
