"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၂)

10.1K 320 16
                                    

Unicode

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၂၂)

"စစ်မင်းထက်...ခဏနေပါဦးကွာ
မင်းကလည်း"

ညီဇေကျော် ဘီယာဘူးကို အမြန်ချကာ
သူငယ်ချင်းဖြစ်သူနောက်သို့ အမှီလိုက်သည်။

"ပြန်လာထိုင်ပါဦး..."

"ငါမထိုင်တော့ဘူး"

"ဘာလို့ မေသဲညိုကို ပေးမသိချင်ရတာလည်း"

"သူ့သဘောနဲ့ သူ အိမ်က ထွက်သွားတဲ့ကောင်ကို
ဘာကိစ္စနဲ့ ငါကညိုလေးကို ပေးသိရမှာလည်း"

"ခဏလောက်ပြန်ထိုင်ပါဦးကွာ မင်းကလည်း
အခုရောက် အခုပြန်လုပ်တော့ မလုပ်လိုက်ပါနဲ့
မင်းကို အရေးကြီးကိစ္စမို့လို့ ဒီကိုခေါ်လိုက်တာ"

ဇေကြီးကိုယ်တိုင်က ထိုသို့ပြောလာသည်မို့
စစ်မင်းထက် အခန်းထဲ ဝင်ကာ ပြန်ထိုင်လိုက်ရသည်။

"မင်း ပြောတာ တကယ်ဘဲလား?"

"အင်း ဟုတ်ပါတယ်ဆို မင်းကလည်း"

"သူက တကယ်ဘဲ သူဌေးကြီးရဲ့ သားလား?
ဘယ်ကနေ ဘယ်လိုဖြစ်သွားရတာလည်း?"

စစ်မင်းထက် စိတ်ရှုပ်စွာဖြင့် အစောပိုင်းက
ဖောက်ပြီးသား ဘီယာဘူးကို ပြန်ကောက်ကိုင်
ကာ မော့သောက်လိုက်ပြီးမှ ဆိုလာသည်။

"ငါလည်း အဲ့ဒါဘဲ စဉ်းစားနေတာ,
ဒါပေမယ့် အခု ပိုပြီးအရေးကြီးတဲ့ အချက်က
ဘာလည်းဆိုရင် မေသဲညိုနဲ့ နေစွမ်းမဟာက
တကယ့်မောင်နှမ အရင်း ဟုတ်မဟုတ်ဆိုတာကို
ဘဲ ငါသိချင်တာ"

"တကယ်လို့ နေစွမ်းမဟာက ဦးမင်းမဟာမြတ်ရဲ့
သားဆိုတာ မှန်ရင် ‌သူကမေသဲညိုရဲ့ မောင်အရင်းမဟုတ်ဘူး"

"ဘယ်လို..."

စစ်မင်းထက်ရဲ့ စကားကြောင့် ညီဇေကျော်
ခေါင်းအနည်းငယ်စားသွားရသည်။

"ညိုလေး ၁၀နှစ်သမီးတုန်းက သူ့အမေက
ကျောင်းထားခဲ့ပေမယ့် နေစွမ်းမဟာကို
သူ့အဖေက ကျောင်းတစ်ဝက်တစ်ပျက်နဲ့
နားခိုင်းထားပြီး ဘယ်တော့မှ မတက်ခိုင်းဘူး၊
အဲ့ဒါကို နေစွမ်းမဟာက ကြီးသောင်းကို ပြောပြဖူးတယ်တဲ့၊ ကြီးသောင်းက သူပြောတဲ့စကားကြောင့် သနားသွားပြီး သူ့ကို့ ကျောင်းပြန်ထားဖို့ဆိုပြီးဖွားကိုားကို တောင်းဆိုသလိုနဲ့ လာပြောတယ်"

ကျွန်‌တော် ပိုင်သော ညို🤎Tempat cerita menjadi hidup. Temukan sekarang