🤎THE END 🤎

13.1K 285 15
                                    

Unicode & ZawGyi

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၃၅)
ဇာတ်သိမ်းပိုင်း (The End)

သားဖွားခွဲစိတ်ခန်းထဲ ဟိုလျှောက်ဒီလျှောက်ဖြင့်
ဗျာများနေရသူက စစ်မင်းထက်။သူဟာ
အင်္ဂုလိမာသုတ်ရွတ်ဖတ်တတ်ဖို့ကို
ဖွားအေဖြစ်သူဆီမှာအချိန်ပေးပြီး
တက်ခဲ့သည်မလား?
သူဟာ သူမမီးဖွားချိန်တွင် အခက်အခဲမရှိအောင် အင်္ဂုလိမာလသုတ်ကိုညတိုင်းကျက်ခဲ့ရသည်။
တကယ်တမ်း ခွဲစိတ်ခန်းရှေ့ရောက်တော့
အင်္ဂုလိမာလသုတ် အစတောင် မေ့နေသည်။
ဖွားက ထောက်ပြတော့မှ သူ့မှာ အစပြန်မှတ်မိကာ ဆိုရသည်။

"အရှင်ဘုရား....ညိုလေးဟာချောချောချူချူနဲ့တပည့်တော်တို့ ရင်သွေးလေးကိုမွေးဖွားနိုင်ပါစေ"

သူဟာ ခွဲစိတ်ခန်းရှေ့တွင် ဘုရားကို
အာရုံပြုပြီး ဆုတောင်းနေမိသည်
အချိန်တစ်ခုကြာပြီးနောက် ခွဲခန်းထဲမှ
ထွက်လာတဲ့ သူမလေး။
ထို့နောက် သူတို့၏ ပေါက်စသေးသေးလေးအား
ခေါ်သွားသည် သူနာပြုတစ်ချို့။

သူနာပြုတွေအား မေးလိုက်တော့
ပေါက်စလေးက တကယ်ဘဲ
ယောကျာ်းလေးဆိုလို့
သူ့မှာ အပျော်လွန်ရသေးသည်။

သူဟာ သူမလေးအနား အမြန်လျှောက်သွားကာ
မျက်နှာလေးကို ကြည့်လိုက်တော့ မှိန်းနေသည်။
ဒါဟာ ခွဲခန်းထဲက ထုံဆေးအရှိန်ကြောင့်ဖြစ်သည်။သူဟာ သူမရဲ့နဖူးပြင်လေးကို
အနမ်းခပ်ဖွဖွလေးပေးပြီး ပြုံးပြကာ...

"ပင်ပန်းသွားပြီ ညိုလေး...."

~~~~~~~~~~~~~~~(⁠ ⁠◜⁠‿⁠◝)

ကိုစစ်မင်းထက်+မမေသဲညိုတို့၏
သားဦးရတနာ
မောင်စစ်မင်းညို၏ရက်၁၀၀ပြည့်မွေးနေ့အလှူ...

မိဘမဲ့ကျောင်းဂေဟာထဲ မေသဲတို့ဇနီးမောင်နှံဟာ ကလေးငယ်များအတွက်အာဟာရမုန့်များနှင့်ဒါန‌ငွေ လာလှူဒါန်းကြသည်။
သားလေးကို ကိုကြီးဟာ အရှေ့ကနေ
ရင်ခွင်ပိုက်ကလေးထည့်သည့်အိတ်လေးဖြင့်
ချီပိုးထားပြီး လက်နှစ်ဖက်ဟာလည်း
မိဘမဲ့ကလေးသူငယ်များအား မုန့်တွေကို
ဝေမျှလှူဒါန်းနေသည်။
မေသဲလည်းထိုနည်း၎င်းပင်။

ကျွန်‌တော် ပိုင်သော ညို🤎Unde poveștirile trăiesc. Descoperă acum