"ကျွန်တော်ပိုင်သော ညို 🤎" (၁၉)

12.8K 375 23
                                        

Unicode

"ကျွန်တော်ပိုင်သော ညို 🤎" (အပိုင်း-၁၉)

အပြေးစက်ပေါ်မှာ မရပ်မနား‌ပြေးနေ‌တဲ့
စစ်မင်းထက်ကို ကြည့်ပြီး ညီဇေကျော်ဟာ
သူ့အစားမောလာရသည်။

"တော်ပါတော့ကွာ...သားကြီးရာ၊
မင်းအစားငါမောတယ်"

စစ်မင်းထက် ခလုတ်ပိတ်လိုက်ပြီး
ထိုအပြေးစက်ပေါ်မှ ချွေးသံရဲရဲနဲ့မောဟိုက်စွာ
ဆင်းလာခဲ့သည်။

"ရေ..."

"ရော့..."

စစ်မင်းထက် အဆင်သင့်တောင်းလိုက်တာနဲ့
ညီဇေကျော်ဟာ ရေဘူးကို လှမ်းပေးလိုက်သည်။

ရေတစ်ဘူးလုံးကို တစ်ခါတည်းမော့သော့ပစ်လိုက်တဲ့ စစ်မင်းထက်ကို ညီဇေကျော်ဟာ
မျက်မှောင်ကျုံ့ပြီး လက်ပိုက်ကာ ကြည့်သည်။

"နေပါဦး...မင်းဘာလို့ အဲ့လောက်တောင်
လေ့ကျင့်ခန်းလုပ်နေရတာလည်း၊
မဟုတ်မှ...မင်းစိတ်ညစ်စရာကိစ္စရှိလို့လား?
မင်းစိတ်ညစ်လို့စိတ်ပင်ပန်းလာရင်
လေ့ကျင့်ခန်း အပြင်းအထန်လုပ်နေကြလေ၊
မတော်တဆ မင်းသွေး လို အမောစို့ပြီး‌
သေသွားရင် ဘယ်လိုလုပ်မလည်း?"

စစ်မင်းထက်ဟာ ဇေကြီးစကားကိုနားထောင်နေပြီးမျက်လုံးစုံမှိတ်ကာ လက်ကျန်ရှိနေတဲ့
ရေတစ်ချို့ကို ခေါင်းပေါ်အရင်လောင်းချလိုက်ပြီးမှ ခါယမ်းလိုက်သည်။

"ကဲ ပြောပါဦး မောင်မင်းကြီး
မင်းဘာတွေ စိတ်ညစ်နေပါသလည်း?"

နှစ်ယောက်လုံး အားကစားဝတ်စုံနဲ့ကိုယ်စီ
ဝတ်ထားကြတာမို့ ဂျင်ဆော့ထားကြသူတွေပီပီ
လက်မောင်းပေါ်ကmuscle တွေဟာလည်း
ထင်းနေပြီး ခန့်ညားကားကြည့်ကောင်းလွန်းနေသည်။

စစ်မင်းထက်ဟာ သူ့ရင်တွင်းပြဿနာတွေကို
ဇေကြီးအား ပြောရင်ကောင်းမလား?
မပြောရင်ကောင်းမလားဟု တွေးကာ
ဒွိဟ ဖြစ်နေရှာသည်။

"ငါ...."

"မေသဲညိုကို အမေ့နားမှာဘဲ ဆက်ထားဖို့
အကြံပေးလိုက်တာ မင်းမလား!"

စစ်မင်းထက် ပြောဖို့စကားတွေ ရပ်တန့်သွားရသည်မှာ သူတို့နှစ်ဦး အားကစားလုပ်နေတဲ့
အခန်းထဲ ကိုကြီးငသော်ဝင်လာခြင်းကြောင့်ပင်။

ကျွန်‌တော် ပိုင်သော ညို🤎Where stories live. Discover now